ဟောလိဝုဒ်-မြန်မာ ပူးပေါင်းရိုက်ကူးသည့် ‘မေတ္တာ’ ရုပ်ရှင် (ရုပ်သံ)

ဟောလိဝုဒ်ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီ Imperative Pictures နဲ့ မြန်မာရုပ်ရှင် ထုတ်လုပ်ရေးကုမ္ပဏီ Mandalay Productions LLC တို့ ပူးပေါင်းပြီး မေတ္တာအမည်ရတဲ့ ရုပ်ရှင်ကားကို ရိုက်ကူးနေပါတယ်။
ဒီကားကိုတော့ ဟောလိဝုဒ်ရုပ်ရှင်ဒါရိုက်တာ ဂရေဟမ်စထရိထ်တာက ရိုက်ကူး မှာဖြစ်ပြီး မိဘမဲ့ကလေးတွေ ရန်ပုံငွေအတွက် ရည်ရွယ်ရိုက်ကူးတာဖြစ်တယ်လို့ ဆိုပါ တယ်။
ဒီကားထဲမှာတော့ မြန်မာ နာမည်ကြီးသရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြ တဲ့ လူမင်း၊ ထွန်းအိန္ဒြာဗို၊ ဟောလိဝုဒ်သရုပ်ဆောင်မင်းသမီး Britney Powell တို့နဲ့အတူ အမေရိကန်နိုင်ငံမှာ မွေးဖွားကြီးပြင်းကြတဲ့ မြန်မာလူငယ်သရုပ်ဆောင်တွေလည်း ပါဝင် ထားကြပါတယ်။
အဲဒီလူငယ်သရုပ်ဆောင်တွေထဲမှာတော့ အဓိကဇာတ်ဆောင် အမျိုးသားအဖြစ် ပါဝင်လာတဲ့ ဂင်မွန်း၊ မြန်မာပြည်မှာမွေးပြီး အမေရိကန်မှာ ကြီးပြင်းတဲ့ Fitness Model မေသွယ်မောင်တို့လည်း ပါဝင်ထားခဲ့ကြတာပါ။
မေတ္တာ ရုပ်ရှင်ကားကိုတော့ ပြီးခဲ့တဲ့ မတ်လက စတင်ပြီး အမေရိကန်နိုင်ငံမှာ ရိုက် ကူးခဲ့တာဖြစ်ပြီး ကျန်တဲ့ အပိုင်းတွေကို မြန်မာနိုင်ငံမှာ ရိုက်ကူးဖို့ ရှိနေပါတယ်။
ဒီကားနဲ့ပတ်သက်ပြီး စကားတခွန်းတည်းနဲ့ ပြောပြခဲ့ကြရာမှာတော့ ဒါရိုက်တာ ဂ ရေဟမ်စထရိထ်တာက အချစ်ဆိုတဲ့ အဓိပ္ပါယ်ကို ရိုးရိုးရှင်းရှင်းလေး ဖော်ပြထားတာပါ လို့ ပြောလိုက်ပါတယ်။
အဓိကဇာတ်ဆောင်မင်းသား ဂင်မွန်းကတော့ လက်ခံခြင်းလို့ ပြောလိုက်ပြီး သရုပ် ဆောင်မင်းသမီး မေသွယ်မောင်ကတော့ ကရုဏာလို့ ပြောဆိုလိုက်ပါတယ်။
နောက်ထပ် သရုပ်ဆောင်မင်းသမီးတယောက်ဖြစ်တဲ့ Fiona O’Neill ကတော့ ချစ် ခြင်းများဖြင့် ဖေးမမှုလို့ ပြောခဲ့တာကို တွေ့ရပါတယ်။
ဒီကားဟာ ဟောလိဝုဒ်နဲ့ မြန်မာ တရားဝင်ပူးတွဲထုတ်လုပ်တဲ့ ပထမဆုံး ရုပ်ရှင် ကားဖြစ်လာမှာဖြစ်ပြီး လာမယ့်နှစ်လောက်မှာ ရုံတင်ပြသသွားနိုင်ဖွယ်ရှိပါတယ်။