ချဲလ်ဆီး အိမ်ကွင်းဝတ်စုံ ဒီဇိုင်းသစ် ထွက်ပေါ်

1.1K
ချဲလ်ဆီးအသင်းရဲ့ လာမယ့်ဘောလုံးရာသီ အိမ်ကွင်းဝတ်စုံ ဒီဇိုင်းသစ်ဟာ ပေါက်ကြားလာခဲ့ပြီး စတန်းဖိုဒ့်ဘရစ်ခ်ျကွင်းကြီးရဲ့ အငွေ့အသက်တွေပေါ်အောင် ဖန်တီးထားတာ တွေ့ရပါတယ်။
အသင်းရဲ့ အရောင်ဖြစ်တဲ့ အပြာရောင်ပေါ်မှာ စတန်းဖိုဒ့်ဘရစ်ခ်ျကွင်းထဲက လှုပ်ရှားမှုတွေကို အစင်းကြောင်းတွေနဲ့ ပုံဖော်ထားတာလည်း ဖြစ်ပါတယ်။
ချဲလ်ဆီး ပရိသတ်တွေရဲ့ ပြောကြားချက်အရ အင်္ကျီအရောင်ဟာ အရင်နှစ်တွေထက် ပိုပြီးနက်ပြာရောင်ဘက်ကို များနေတယ်လို့ သိရပါတယ်။
ရင်ဘတ်စပွန်ဆာနေရာမှာတော့ အရင်နှစ်တွေကအတိုင်း ယိုကိုဟားမား တာယာလိုဂိုပဲ ဆက်လက်ပါမှာ ဖြစ်ပါတယ်။
အခုထွက်လာတဲ့ ဒီဇိုင်းဟာ အတည်မပြုနိုင်သေးပေမယ့် နိုက်ကီကုမ္ပဏီဘက်ကတော့ ဖြေရှင်းထားတာ မရှိသေးပါဘူ။
ချဲလ်ဆီးနဲ့ နိုက်ကီတို့ဟာ တနှစ်ပေါင် သန်း ၆၀ နဲ့ ၁၅ နှစ် စာချုပ်ချုပ်ထားပြီးတော့ စပွန်ဆာတန်ဖိုး စုစုပေါင်းကတော့ ပေါင် သန်း ၉၀၀ တန်ကြေးရှိပါတယ်။