Home
မြန်မာသတင်း
ချောက်​မြို့ အပူ​ရှောင်​ စခန်း ၃ ခုတွင် လူ ၆၀ ကျော် လာ​ရောက်​ခိုလှုံနေ
DVB
·
April 26, 2019
မြန်​မာနိုင်ငံ အလယ်ပိုင်းဒေသက အပူဆုံးမြို့ဖြစ်​တဲ့ ​ချောက်​မြို့မှာ အပူ​ရှောင်​စခန်းတွေ ဖွင့်​လှစ်ပေးထား​ပေမယ့် နေရာ ၃ ​နေရာမှာသာ လူပေါင်း ၆၀ ကျော်လောက် လာ​ရောက်​ ခိုလှုံ​နေထိုင်​သူရှိ​တယ်လို့  ​ချောက်​မြို့နယ်​ အ​ထွေ​ထွေအုပ်ချုပ်ရေးရုံးက သိရပါတယ်​။ ​ချောက်​မြို့အပူချိန်​ဟာ ဧပြီ ၁၈ ရက်​​ နောက်​ပိုင်းမှာ ၄၆ ဒီဂရီစင်​တီဂရိတ်​အထိ မြင်တက်​ခဲ့လို့ မြို့နယ်​တာဝန်​ရှိသူတွေက ​ချောက်​မြို့​ပေါ် (၁၅)ရပ်​ကွက်​ရှိ ဓမ္မာရုံတွေ၊ ​အေးမြ​ကျယ်​ဝန်း​တဲ့နေရာတွေမှာ အပူ​ရှောင်​စခန်း ၃၂ ခုကို  ဧပြီ ၂၃ ရက်​​က စတင်​ ဖွင့်​လှစ်ပေးထားတာပါ။ အပူရှောင်စခန်းတွေထဲက  အမှတ်​(၂)ရပ်​ကွက်​ အလယ်​ဓမ္မာရုံမှာ သက်​ကြီးရွယ်အိုနဲ့ က​လေး ၂၁ ဦး၊ အမှတ်​(၇) ရွာ​ဟောင်း ဓမ္မာရုံမှာ ၁၁ဦးနဲ့ အမှတ်​(၁၄)​ဇောတိက ​ညောင်​ပင်​ကြီး​အောက်​ ဇရပ်​တွေမှာ ၂၉ ဦး လာ​ရောက်​ ခိုလှုံနေတယ်​လို့ မြို့နယ်​ အ​ထွေ​ထွေအုပ်​ချုပ်​ရေးဦးစီးက ​ပြောပါတယ်​။ အပူ​ရှောင်​စခန်းတွေကို မြို့နယ်​အ​ထွေ​ထွေ အုပ်​ချုပ်​​ရေးဦးစီးဌာနနဲ့ ကျန်းမား​ရေးအဖွဲ့တွေက မနေ့က သွားရောက်ပြီး ကျန်းမာ​ရေးစစ်​​ဆေးမေးမြန်း ​ဆောင်​ရွက်​ခဲ့တယ်လို့  သိရပါတယ်​။ ​ချောက်မြို့နယ်​ အပူချိန်​ဟာ ဧပြီ ၂၄ ရက်​​မှာ ၄၄ ဒီဂရီ၊ ၂၅ ရက်​​နေ့မှ ၄၅ ဒီဂရီရှိလို့ အနည်းငယ် ကျဆင်းလာတယ်လို့ ​ချောက်​မြို့မိုး​လေဝသနှင့် ဇလ​ဗေဒ တိုင်းထွာ​ရေး စခန်းက သိရပါတယ်​။ သတင်း - ကိုလင်း(​ချောက်​)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024