Home
မြန်မာသတင်း
မန်ယူတိုက်စစ်မှူး ဆန်းချက်ကို အင်တာမီလန် ကမ်းလှမ်း
DVB
·
April 26, 2019
မန်ချက်စတာယူနိုက်တက်အသင်းကနေ ထွက်ခွာနိုင်ဖို့ စောင့်ဆိုင်းနေတဲ့ ချီလီတိုက်စစ်မှူး ဆန်းချက်ဇ်ကို စီးရီးအေကလပ် အင်တာမီလန်အသင်းက ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပါတယ်။ အသင်းကနေ ထွက်ခွာဖို့ တောင်းဆိုထားခဲ့တဲ့ ဆန်းချက်ဇ်ဟာ ဒီရာသီမှာ ပြိုင်ပွဲစုံ ၂၅ ပွဲ ကစား၊ ၂ ဂိုးသွင်းယူပြီး ၄ ဂိုးသာ ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ ဆန်းချက်ဇ်ရဲ့ လက်ရှိ အခြေအနေအရ အင်တာမီလန်အသင်းကို ပြောင်းရွှေ့ဖို့က အတည်တကျ ဖြစ်လာနိုင်ပေမယ့် လုပ်ခလစာမြင့်မားမှု ပြဿနာကတော့ မဖြစ်မနေ ဖြေရှင်းရတော့မှာပါ။ မန်ချက်စတာယူနိုက်တက်အသင်းမှာ ရရှိနေတဲ့ တပတ်လုပ်ခ ပေါင် ၅ သိန်းထက် လျော့ယူနိုင်မှသာ အင်တာမီလန်အသင်းအတွက်လည်း အဆင်ပြေနိုင်မှာဖြစ်တာကြောင့် ဆန်းချက်ဇ်အနေနဲ့ကတော့ အီတလီမြေမှာ လစာလျော့ယူပြီး သွားရောက်ကစားရဖို့ ရှိနေပါတယ်။ အင်တာမီလန်အသင်းဟာ ဆန်းချက်ဇ်အပြင် လာမယ့်နွေရာသီမှာ အသင်းကနေထွက်ခွာဖို့ တရားဝင်ကြေညာထားတဲ့ နောက်ခံလူ အန်တိုနီယို ဗလင်စီယာကိုလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024