A d v e r t i s e m e n t With Us

ဘန်တနာနှင့် ထိုးကြိတ်ခဲ့ရသည့်အကြောင်းအရင်း အဒီဘာယော ဖွင့်ဟ

အသင်းဖော်ဟောင်း ဘန်တနာဟာ ကလပ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှုမရှိလို့ ထိုးကြိတ်တဲ့အထိ ရန်ပွဲတွေ ဖြစ်ခဲ့ရတာလို့ နှစ်အတန်ကြာမှာ အာဆင်နယ်ကစားသမားဟောင်း အဒီဘာယောက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အဒီဘာယောက သူဟာ လွတ်လွတ်လပ်လပ်နေတတ်တဲ့ သူတယောက်ဖြစ်ကြောင်း၊ ကလပ်အသင်းတိုင်းကို အလည်သွားလေ့ရှိပြီးတော့ အဝတ်လဲခန်းတွေထဲမှာလည်း ဟင်နရီ၊ ဘားကင့်တို့လို ကစားသမားတွေနဲ့တောင် ကခုန်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ဘန်တနာနဲ့ ဖြစ်ခဲ့တဲ့ ပြဿနာမှာတော့ ဘန်တနာဟာ အာဆင်နယ်အသင်းက စီစဉ်ပေးထားတဲ့ ဝတ်စုံနဲ့ ဖိနပ်ကို မဝတ်ဆင်ဘဲ သူ့ရဲ့ကိုယ်ပိုင် ဂူချီဖိနပ်ကိုဝတ်ပြီး အဝတ်လဲခန်းထဲကို ဝင်လာခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီနောက်မှာ အဒီဘာယောက ဘန်တနာကို မလုပ်ဖို့ ပြောပေမယ့် ဂရုမစိုက်ခဲ့တဲ့အပြင် နောက်ရက်မှာလည်း အလားတူ လုပ်ရပ်မျိုး ထပ်လုပ်ခဲ့တာကြောင့် ထိုးကြိတ်ခဲ့တာဖြစ်ကြောင်း ပြောပါတယ်။ အဒီဘာယောက ဗန်ပါစီနဲ့လည်း မျက်လုံးချင်း လုံးဝမဆိုင်သလို သဘောထား မတိုက်ဆိုင်မှုတွေလည်း ရှိခဲ့ပါတယ်။ အာဆင်နယ်ပရိသတ်တွေကတော့ အဒီဘာယော မန်စီးတီးအသင်းကို ပြောင်းရွှေ့ခဲ့တာအပြင် ဂိုးသွင်းပြီး အောင်ပွဲခံခဲ့တဲ့ ပုံစံကြောင့် မုန်းတီးခဲ့ကြပေမယ့် အဒီဘာယောကတော့ အာဆင်နယ်နဲ့ ပတ်သက်လာရင် ဘာမှရင်ခုန်စရာမရှိဘူးလို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up