A d v e r t i s e m e n t With Us

အမေရိကန်နိုင်ငံမှ ၃ နှစ်သားခွေးကလေး အလှဆုံး ခွေးဘီလူးဆုရရှိ (ရုပ်သံ)

အမေရိကန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ခွေးအလှပြိုင်ပွဲမှာ အသက် ၃ နှစ်အရွယ်သာရှိသေးတဲ့ ခွေးဘီလူးလေးတကောင်က အနိုင်ရရှိခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာကတော့ လူတွေရဲ့ အလှမောင်မယ်ပြိုင်ပွဲတွေမှာလို ဆွဲဆောင်မှုရှိတဲ့ ညနေခင်း ပွဲတက်ဝတ်စုံတွေ မလိုအပ်လှပါဘူး။ အိုင်အိုဝါပြည်နယ်၊ ဒရိတ်ခ်တက္ကသိုလ်မှာ ကျင်းပခဲ့တဲ့ ဒီပြိုင်ပွဲကိုတော့ လာ ရောက်ကြည့်ရှုအားပေးကြသူတွေ ထောင်နဲ့ချီ ရှိခဲ့ပြီး အမျိုးမျိုးသော အရည်အသွေးတွေ၊ စွမ်းရည်တွေကို ပြသခဲ့ကြတာ ဖြစ်ပါတယ်။ ယှဉ်ပြိုင်တဲ့ ခွေးဘီလူးလေးတွေရဲ့ အမူအကျင့်၊ ဟန်ပန်တွေကို အကဲဖြတ်အမှတ်ပေးပြီး ရွေးချယ်ခဲ့တဲ့ ဒီပြိုင်ပွဲရဲ့ ဆုရှင်ကတော့ ဘိုးရ်အမည်ရတဲ့ ၃ နှစ်သား ခွေးကလေး ဖြစ်ကာ ကျောင်းရဲ့ ကိုယ်စားပြုခွေးကလေးတကောင် ဖြစ်လာခဲ့ပါပြီ။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ဆန်းပြားတဲ့ ထူးခြားပြိုင်ပွဲဝင်ခွေးကလေးတွေရဲ့ ချစ်စရာ အပြုအမူတွေကို ရှုစားကြရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up