အင်္ဂါဂြိုဟ်ပေါ် ငလျင်တခုလှုပ်ခတ်ဟုဆို

အမေရိကန် အမျိုးသားအာကာသသိပ္ပံ နာဆာရဲ့ စက်ရုပ်ယာဉ် အင်းဆိုက်ထ်ဟာ အင်္ဂါဂြိုဟ်ပေါ်က ငလျင်လှုပ်ခတ်မှုတရပ်ကို ထောက်လှမ်းတိုင်းတာနိုင်ခဲ့တယ်လို့ ကယ်လီဖိုးနီးယားပြည်နယ်အခြေစိုက် ဂျက်ပရိုပါးရှင်း ဓာတ်ခွဲခန်း JPL က ဧပြီ ၂၃ ရက်မှာ အစီရင်ခံခဲ့ပါတယ်။ အင်္ဂါဂြိုဟ်ပေါ်က ငလျင်တိုင်းတာရေး ၂ နှစ်တာ လုပ်ငန်းအတွက် အင်္ဂါဂြိုဟ် မျက်နှာပြင် ပေါ်ကို ရောက်အပြီး ငါးလအကြာမှာ ခုလို တိုင်းတာနိုင်ခဲ့တာပါ။ အင်္ဂါဂြိုဟ်ရဲ့ အတွင်းပိုင်းကို နက်နက်ရှိုင်းရှိုင်း လေ့လာနိုင်ဖို့ စက်ရုပ်ယာဉ်ကို အထူး ပုံစံထုတ်ထားပါတယ်။ အချက်ပြထားတဲ့ တိကျတဲ့ အကြောင်းရင်းကို အပြီးသတ် ဆုံးဖြတ်ဖို့ ဧပြီ ၆ ရက်က မှတ်တမ်းတင်ထားတဲ့ သတင်းအချက်အလက်တွေကို သိပ္ပံပညာရှင်တွေက စစ်ဆေးနေဆဲပါ။ ကမ္ဘာနဲ့ နှိုင်းယှဉ်ရင် အင်္ဂါဂြိုဟ်မျက်နှာပြင်ဟာ အလွန်အမင်း ငြိမ်သက်လွန်းလို့ ဧပြီ ၆ ရက် ငလျင်ဟာ အင်မတန် အားပျော့တယ်လို့လည်း JPL က ပြောပါတယ်။ ငလျင် ကြာချိန်နဲ့ အရွယ်အစားကလည်း ၁၉၆၉ ကနေ ၁၉၇၇ ကြား လမျက်နှာပြင်ပေါ်က ထောက်လှမ်းရရှိတဲ့ ငလျင်နဲ့ ကိုက်ညီနေတယ်လို့ ဝါရှင်တန် အခြေစိုက် နာဆာဌာနချုပ်ရဲ့ ဂြိုဟ်တွေဆိုင်ရာ သိပ္ပံဌာနခွဲ ညွှန်ကြားရေးမှူး လိုရီဂလာဇေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up