A d v e r t i s e m e n t With Us

လက်စတာနှင့်ပွဲစဉ်အတွက် အာဆင်နယ် နောက်ခံလူ သတိပေး

ဝုဗ်အသင်းနဲ့တုန်းကလို စွမ်းဆောင်ရည်မျိုးနဲ့ လက်စတာစီးတီးအသင်းကို ရင်ဆိုင်ပါက ထပ်ရှုံးလိမ့်မယ်လို့ အာဆင်နယ်အသင်းရဲ့ နောက်ခံလူ ဆိုကရေးတစ်က သတိပေးလိုက်ပါတယ်။ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ခရစ္စတယ်ပဲလေစ့် အသင်းနဲ့ ပွဲမှာ ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့သလို ဝုဗ်အသင်းနဲ့ ပွဲစဉ်မှာလည်း ၃ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ်အရေးနိမ့်ပြီး အဆင့် ၅ နေရာမှာ ရောက်ရှိနေခဲ့ပါတယ်။ ဆိုကရေးတစ်က လက်စတာစီးတီးနဲ့ပွဲဟာ နောက်ထပ်ခက်ခဲတဲ့ ပွဲဖြစ်ကြောင်း၊ ပြီးခဲ့တဲ့ပွဲတွေက ပုံစံနဲ့သာသွားပြိုင်ရင် ရှုံးနိမ့်ဦးမှာ ဖြစ်ကြောင်း ပြောပါတယ်။ ဒါ့အပြင် အခုလို ရှုံးပွဲဆက်ခဲ့တာဟာ နည်းပြရဲ့ နည်းစနစ်နဲ့ မသက်ဆိုင်ဘဲ ကစားသမားတွေကိုယ်တိုင် တာဝန်ရှိကြောင်း၊ အကြောင်းပြချက်ပေးလို့ရတဲ့ အချိန်မဟုတ်တော့တာကြောင့် လက်ကျန် ၃ ပွဲလုံးကို ရာနှုန်းပြည့်အနိုင်ရဖို့ ကြိုးစားရမယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up