ရက်ရှ်ဖို့ဒ်ကို ဘာစီလိုနာက ပေါင်သန်း ၁၀၀ ဖြင့် ခေါ်ယူမည်ဟု သတင်းထွက်ပေါ်

ဘာစီလိုနာအသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လူငယ်တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ကို လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ပေါင်သန်း ၁၀၀ နဲ့ ခေါ်ယူဖို့အတွက် ပြင်ဆင်ထားယ်လို့ သတင်းတွေမှာ ဖော်ပြနေပါတယ်။ အဲ့ဒီအင်္ဂလန်တိုက်စစ်မှူးဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးဖို့ တနှစ်လောက်ပဲ လိုတော့တဲ့အချိန်မှာ ကတ်တာလန်ကလပ်က အခွင့်ကောင်းယူပြီး ခေါ်ယူဖို့ ကြိုးပမ်းလာတာလို့ ဆိုပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် အရေးပါတဲ့ ကစားသမားတဦး ဖြစ်လာတာကြောင့် အသင်းဘက်က တပတ်လုပ်ခပေါင် ပေါင် ၃ သိန်းထိ လစာတိုးပေးပြီး ၂၀၂၄ ခုနှစ်ထိ စာချုပ်ချုပ်ဖို့ ကမ်းလှမ်းထားပါတယ်။ ဒါပေမယ့် ရက်ရှ်ဖို့ဒ်ဘက်ကတော့ စာချုပ်သက်တမ်းတိုးဖို့ကို စဉ်းစားနေဆဲဖြစ်တာကြောင့် ဘာစီလိုနာအတွက် ကစားသမားကို ခေါ်ယူနိုင်ဖို့ အခွင့်ရေးကောင်းတခု ဖြစ်လာခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ လက်ရှိ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်နေသူဖြစ်ပြီး ပွဲတိုင်းနီးပါး ပွဲထွက်ကစားခွင့်ရထားသူလည်း ဖြစ်ပါတယ်။

More News
Up