A d v e r t i s e m e n t With Us

မြစ်ဆုံအပြီးတိုင်ဖျက်သိမ်းရေး တိုကျိုမြို့ တရုတ်သံရုံးရှေ့ မြန်မာနိုင်ငံသားများ ဆန္ဒပြ

မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေးအတွက် ဂျပန်နိုင်ရောက် မြန်နိုင်ငံသားတွေက တိုကျိုမြို့ ဟီရိုရို့ရှိ တရုတ်နိုင်ငံသံရုံးရှေ့မှာ ဒီနေ့  ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြပါတယ်။ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေကလည်း မြစ်ဆုံစီမံကိန်းကိုကန့်ကွက်ကြောင်း တရုတ်အစိုးရကို သိစေချင်လို့ အခုလို လာရောက်ဖော်ထုတ်တောင်းဆိုကြတာလို့ ဦးဆောင်ပြုလုပ်သူတွေက ဒီဗွီဘီကိုပြောပါတယ်။ ဂျပန်နိုင်ငံရှိ တိုင်းရင်းသားအဖွဲ့အစည်းအသီးသီးမှ ပါဝင်ခဲ့ကြကာ ဧရာဝတီ မြစ်ဆုံ မြစ်ညှာ မြစ်ဝှမ်းရှိ ရေကာတာ စီမံကိန်းများ အပြီးအပိုင် ဖျက်သိမ်းရေး ကြွေးကြော်တောင်းဆိုခဲ့ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up