A d v e r t i s e m e n t With Us

ချန်ပီယံလိဂ်ဝင်ခွင့် ရနိုင်သေးဟု အာဆင်နယ်နည်းပြ ပြော

နှစ်ပွဲဆက် ရှုံးပွဲကြုံတွေ့ခဲ့ပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့် ရနိုင်သေးတယ်လို့ အာဆင်နယ်နည်းပြ အမ်မရီက ပြောကြားလိုက်ပါတယ်။ အာဆင်နယ်အသင်းဟာ ခရစ္စတယ်ပဲလေ့စ်နဲ့ ဝုဗ်အသင်းတွေကို နှစ်ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့တာကြောင့် အဆင့် ၅ နေရာမှာ ရပ်တည်နေတာပါ။ အာဆင်နယ်အသင်းဟာ အဆင့်သုံးနေရာက စပါးနဲ့ ၄ မှတ်အထိ ကွာဟသွားခဲ့ပြီး အဆင့်လေးနေရာက ချဲလ်ဆီးအသင်းနဲ့ ၁ မှတ် ကွာဟနေပါတယ်။ ချဲလ်ဆီးနဲ့ ရမှတ်တမှတ်ပဲ ကွာဟတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်က မိမိတို့လက်ထဲမှာ မရှိတော့ပေမယ့် ရနိုင်မယ့်အခွင့်အရေး ရှိနေဆဲဖြစ်တယ်လို့ အမ်မရီက ပြောကြားခဲ့တာပါ။ နှစ်ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့မှုအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ပေမယ့်လည်း ရာသီကုန်အထိ စောင့်ကြည့်ဖို့လိုအပ်ပြီး လက်ကျန်ပွဲတွေမှာ အကောင်းဆုံးခြေစွမ်း ပြန်ရအောင် လုပ်ဆောင်ဖို့လိုတယ်လို့ အမ်မရီက ပြောပါတယ်။ အာဆင်နယ်အသင်းဟာ တနင်္ဂနွေနေ့မှာ လက်စတာနဲ့ ကစားရမှာဖြစ်ပြီး ခက်ခဲတဲ့ပွဲဖြစ်ပေမယ့် ရလဒ်ကောင်းတခု ရယူနိုင်ဖို့ မျှော်လင့်တယ်လို့လည်း အမ်မရီက ဆိုပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့အတွက် ယူရိုပါလိဂ်မှာ ဆီမီးဖိုင်နယ် တက်ရောက်နေတာကိုလည်း အမ်မရီက ထည့်သွင်းပြောကြားသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up