နှင်းလျှောစီးပြိုင်ပွဲတွင် ကမ္ဘာစံချိန်သစ် တင်ခဲ့သည့် အမေရိကန်နိုင်ငံသား ဒေးဗစ်ဝိုက်စ်

1.1K
အမေရိကန်နိုင်ငံသား ဒေးဗစ်ဝိုက်စ်ဟာ သြစတြီးယားနိုင်ငံ ဆိုလ်ဒန်မြို့မှာ ကျင်းပနေတဲ့ အော်ဒီနိုင်းစ် နှင်းလျှောစီးပြိုင်ပွဲ quarterpipe ပွဲစဉ်အတွင်း လေထဲမှာ ၁၁ ဒသမ ၇ မီတာ အမြင့်ထိ ရောက်အောင် ကျွမ်းထိုးနိုင်ခဲ့လို့ ကမ္ဘာ့စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။
သူဟာ ဖြောင်းချန်နဲ့ ဆိုချီ အိုလံပစ်ပွဲစဉ်တွေတုန်းက Olympic halfpipe champion ဆုကို ၂ ကြိမ် ဆွတ်ခူးခဲ့ဖူးပါတယ်။
Quarterpipe ကစားနည်းမှာ ကစားသူ စတင်ထွက်ခွာရာ မျက်နှာပြင်ပေါ်ကိုပဲ နှင်းလျှောစီးသူက ပြန်ရောက်အောင် ခုန်ရတာပါ။
၂၀၀၈ ခုနှစ်က အမေရိကန် နှင်းလျှောစီးသမား ဆိုင်မွန်ဒူးမွန့် တင်ခဲ့တဲ့ အမြင့် ၁၀ ဒသမ ၈၂ မီတာ စံချိန်ကို ချိုးလိုက်တာလည်း ဖြစ်ပါတယ်။ အော်ဒီနိုင်းစ် ပွဲစဉ်တွေကို ဧပြီ ၂၇ ရက်ထိ ဆက်လက်ယှဉ်ပြိုင် ကျင်းပမှာ ဖြစ်ပါတယ်။