A d v e r t i s e m e n t With Us

ရပ်ဝန်းနှင့်ပိုးလမ်းမဖိုရမ်တွင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြော

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ပေကျင်းမြို့မှာ ဒီကနေ့ ဧပြီ ၂၅ ရက်က စတင်ကျင်းပတဲ့ ဒုတိယအကြိမ်မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကို တက်ရောက်မိန့်ခွန်းပြောပါတယ်။ ရပ်ဝန်းနှင့် ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို ဒီကနေ့မနက်က China National Convention Centre (CNCC) မှာ ကျင်းပတာ ဖြစ်ပြီး  ဖိုရမ်ရဲ့ ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲတွေအနက် People-to-People Connectivity ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က တက်ရောက်မိန့်ခွန်းပြောကြားခဲ့တာပါ။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ နိုင်ငံတော်ဧည့်ဂေဟာမှာ တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခချန်းနဲ့လည်းတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာတွေ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို တက်ရောက်ခဲ့တယ်လို့လည်း နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ ဓာတ်ပုံ - သတင်းစဉ်

A d v e r t i s e m e n t With Us

More News
Up