အကြမ်းဖက်မှုကြောင့် လူရာချီသေဆုံးခဲ့ရသည့် သီရိလင်္ကာကို ၀မ်းနည်းကြောင်းသ၀ဏ်လွှာ ပေးပို့

2.3K
သီရိလင်္ကာနိုင်ငံမှာ အကြမ်းဖက် ဗုံးဖောက်ခွဲမှုတွေကြောင့် အပြစ်မဲ့ပြည်သူ ရာပေါင်းများစွာ သေဆုံးခဲ့ရပြီး လူအများအပြား ဒဏ်ရာရရှိခဲ့တဲ့အပေါ် မြန်မာသမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့က ၀မ်းနည်းကြောင်း သ၀ဏ်လွှာ ဒီနေ့ ပေးပို့ခဲ့ကြပါတယ်။
သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့က သီရိလင်္ကာ သမ္မတနဲ့ ဝန်ကြီးချုပ်တို့ထံ ဝမ်းနည်းကြောင်း သဝဏ်လွှာ အသီးသီးပေးပို့ခဲ့ကြတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်လုပ်ရပ်တွေအပေါ် ရှုတ်ချကြောင်း၊ အကြမ်းဖက်မှုအားလုံးကို ဆန့်ကျင်တဲ့ ရပ်တည်ချက်ကို ထပ်လောင်း အတည်ပြုကြောင်း သ၀ဏ်လွှာမှာ ဖော်ပြထားပါတယ်။
သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလံဘိုမှာ ဧပြီ ၂၁ ရက်နေ့က ဘုရားကျောင်း ၃ ခုနဲ့ ဟိုတယ် ၄ ခု ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် လူပေါင်း ၃၀၀ ကျော် သေဆုံးပြီး ၅၀၀ ဝန်းကျင် ဒဏ်ရာရရှိခဲ့တာပါ။