ဟာဇက်ကို တပတ်လုပ်ခ ပေါင် ၄ သိန်းပေးမည်ဟု ရီးရဲလ် မက်လုံးပေး

1.3K
ရီးရဲလ်မက်ဒရစ်အသင်းဟာ ချဲလ်ဆီးကွင်းလယ်လူ ဟာဇက်ကို ခေါ်ယူနိုင်ဖို့အတွက် တပတ်လုပ်ခ ပေါင်လေးသိန်း ပေးချေဖို့ မက်လုံးပေးထားတယ်လို့ သိရပါတယ်။
ဟာဇက်ဟာ ချဲလ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး သက်တမ်းတိုးဖို့ ဆွေးနွေးနေပေမယ့် အဆင်မပြေ ဖြစ်နေတာပါ။
လာမယ့် အပြောင်းအရွှေ့မှာ ရီးရဲလ်အသင်းဆီ ပြောင်းရွှေ့မယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီး ရီးရဲလ်အသင်းဘက်က အခွန်ဆောင်ပြီး တပတ်ပေါင်လေးသိန်းအထိ ပေးချေသွားမယ်လို့ ကမ်းလှမ်းထားကြောင်း ဆိုပါတယ်။
ဒါကြောင့် ဟာဇက်ရဲ့လုပ်ခက တနှစ်ကို ပေါင်သန်း ၂၀ ကျော် ရရှိနိုင်မှာဖြစ်ပြီး ကမ္ဘာ့လုပ်ခအများဆုံး ထိပ်တန်းကစားသမားစာရင်းထဲ ပါဝင်လာမှာပါ။
ဘယ်လ်ဂျီယံကစားသမား ဟာဇက်ဟာ အခုနှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး ၁၆ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၁၃ ကြိမ် ပြုလုပ်ကာ ခြေစွမ်းပြနေပါတယ်။
ဟာဇက်ဟာ ၂၀၁၃ ခုနှစ်က ပြင်သစ်ကလပ် လိုင်လီအသင်းကနေ ပြောင်းရွှေ့လာတာဖြစ်ပြီး ချဲလ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ အက်ဖ်အေဖလား၊ လိဂ်ဖလားနဲ့ ယူရိုပါလိဂ်ဖလား တကြိမ်စီ ရယူထားနိုင်ပါတယ်။