A d v e r t i s e m e n t With Us

မန်ချက်စတာဒါဘီတွင် မန်စီးတီးအသင်းက ပိုကောင်းခဲ့ဟု ရက်ရှ်ဖို့ဒ် ဝန်ခံ

မန်ချက်စတာဒါဘီမှာ မန်စီးတီးက ပိုကောင်းတဲ့အသင်း ဖြစ်တယ်ဆိုတာ ထင်ရှားခဲ့တယ်လို့ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က ဝန်ခံပြောကြားလိုက်ပါတယ်။ မန်ယူအသင်းဟာ မန်စီးတီးနဲ့ပွဲမှာ ၂ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီး ခြေစွမ်းပိုင်းအရလည်း ရှုံးနိမ့်ခဲ့တာပါ။ အဲဒီပွဲစဉ်မှာ မန်စီးတီးအသင်းက ပိုကောင်းတဲ့အသင်းဆိုတာ ထင်ရှားခဲ့ပြီး မန်ယူအသင်းကတော့ ကောင်းမွန်တဲ့ခြေစွမ်း ပြသနိုင်ခြင်း မရှိခဲ့ဘူးလို့ ရက်ရှ်ဖို့ဒ်က ဝန်ခံပြောကြားခဲ့ပါတယ်။ မန်ယူအသင်းရဲ့ ကစားပုံနဲ့ စိတ်ဓာတ်ပိုင်းဟာ မှန်ကန်တဲ့လမ်းကြောင်းမှာ ရှိမနေသေးဘဲ  အသင်းရဲ့ အမှတ်တံဆိပ်အတွက်၊ ပရိသတ်တွေအတွက်နဲ့ အသင်းအတွက် ပိုမိုကြိုးစားကစားဖို့ လိုအပ်သေးတယ်လို့ ရက်ရှ်ဖို့ဒ်က ဆိုပါတယ်။ အဲဒါတွေထက် အရေးကြီးဆုံး အချက်တချက်ကတော့ ကစားသမား တယောက်ချင်းက ကိုယ့်တာဝန် ကိုယ်ကျေပွန်အောင် ကစားပြီး အကောင်းဆုံး ခြေစွမ်းပြနိုင်ဖို့ လိုတယ်လို့လည်း ရက်ရှ်ဖို့ဒ်က ပြောကြားသွားပါတယ်။ မန်ယူအသင်းဟာ မန်စီးတီးကို ရှုံးနိမ့်ခဲ့တာကြောင့် အဆင့် ၆ နေရာမှာပဲ ဆက်လက်ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up