A d v e r t i s e m e n t With Us

သီရိလင်္ကာ ဗုံးခွဲသမားတဦး သြစတြေးလျတွင် နေခဲ့ဖူးကြောင်း အတည်ပြု

သီရိလင်္ကာ ဗုံးခွဲသမားတွေထဲက တယောက်ဟာ တချိန်က သြစတြေးလျမှာ နေထိုင်ဖူးတယ်လို့ သြစတြေးလျဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က ဧပြီ ၂၅ ရက်မှာ အတည်ပြု ပြောကြားလိုက်ပါတယ်။ အဲဒီလူဟာ သြစတြေးလျမှာ ကျောင်းသားဗီဇာနဲ့ နေထိုင်ခဲ့ပေမယ့် ၂၀၁၃ ခုနှစ်မှာ သြစတြေးလျကနေ ထွက်ခွာပြီးနောက်ပိုင်း သူ့ကို နောက်ထပ် ဗီဇာမပေးခဲ့ဘူးလို့ ဝန်ကြီးချုပ် မော်ရစ်ဆင်က သတင်းထောက်တွေကို ပြောပါတယ်။ အဲဒီလို ဗုံးခွဲတိုက်ခိုက်တာကြောင့် လူ ၃၅၉ ယောက်ထက်မနည်း သေဆုံးပြီး အယောက် ၅၀၀ ကျော် ဒဏ်ရာရတယ်လို့ သီရိလင်္ကာ အာဏာပိုင်တွေက ပြောပါတယ်။ ဒီတိုက်ခိုက်မှုအတွက် အမျိုးသားသိုးဟိဂျမားသ် ဆိုတဲ့ ဒေသခံ အစွန်းရောက် အကြမ်းဖက်အဖွဲ့ကို အာဏာပိုင်တွေက အပြစ်ဖို့ထားပါတယ်။ အဲဒီအဖွဲ့ခေါင်းဆောင် မိုဟာမက်ဇာရန် (ခေါ်) ဇာရန်ဟတ်ရှ်မီဟာ လူထုအုံကြွစေတဲ့ အွန်လိုင်းလှုံ့ဆော် မိန့်ခွန်းတွေကြောင့် လွန်ခဲ့တဲ့ ၃ နှစ်က မွတ်စလင်ခေါင်းဆောင်တွေအကြား ထင်ရှားလာပါတယ်။ အဲဒီတိုက်ခိုက်မှုတွေကို အိုင်အက်စ်အဖွဲ့က သူတို့လုပ်ဆောင်တယ်လို့လည်း ပြောကြားထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up