A d v e r t i s e m e n t With Us

“တော်တော်ကြည်ညိုနေပါပြီ”ဟု  အာမခံပယ်ချခံရသည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီးပြော

နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တပ်မတော်က တရားစွဲထားတဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ဒီကနေ့ ဧပြီ ၂၅ရက်က  ဒုတိယအကြိမ်ရုံးထုတ်ပြီး တရားလိုတွေကို စတင်စစ်ဆေးခဲ့ပါတယ်။ ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ရန်ကုန်တိုင်းစစ်ဌာနချုပ်က တရားစွဲဆိုထားတာဖြစ်ပြီး  မင်းထင်ကိုကိုကြီးဟာ အသည်းကင်ဆာရောဂါကို ခံစားနေရတဲ့အတွက် အာမခံ ထပ်မံ လျှောက်ထားခဲ့ပေမယ့် တရားရုံးက ထပ်မံပယ်ချခဲ့ပါ တယ်။ “ကျနော် နောင်တရနေပါပြီ။ အခု သူတို့ကို တော်တော်ကြည်ညိုနေပါပြီ”လို့ မင်းထင်ကိုကိုကြီးက ရုံးချိန်းအပြီးမှာ ပြောဆိုသွားပါတယ်။ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်မှာ တပ်မတော်နဲ့ပတ်သက်ပြီး ပြည်သူတွေ အထင်အမြင် လွဲမှားအောင် ရေးသားခဲ့တယ်ဆိုပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ပြည်သူလူထု အထင်အမြင်လွဲမှားစေရန် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ဃ) အပါအဝင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) တို့နဲ့ တရားစွဲခံထားရတာဖြစ်ပါတယ်။ ဥပဒေကျွမ်းကျင်ပညာရှင်တွေကတော့ တပ်မတော်ဟာ နိုင်ငံတော်မဟုတ်တဲ့အတွက် တပ်မတော်အနေနဲ့ ပြည်သူတွေကို နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုပိုင်ခွင့် မရှိဘူးလို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up