သီရိလင်္ကာတွင် သံသယဖြစ်ဖွယ် ဆိုင်ကယ်တစီးကို ရဲတပ်ဖွဲ့ ဖောက်ခွဲ

1.5K
သီရိလင်္ကာမြို့တော် ကိုလံဘိုက လူကြိုက်များတဲ့ ဆာဗွိုင်းရုပ်ရှင်ရုံအနားမှာ ရပ်ထားတဲ့ သံသယဖြစ်ဖွယ် မော်တော်ဆိုင်ကယ် စကူတာတစီးကို ဧပြီ ၂၄ ရက်မှာ ထိန်းချုပ် ဖောက်ခွဲလိုက်တယ်လို့ ရဲတွေက ပြောပါတယ်။
တနင်္ဂနွေနေ့ အီစတာပွဲတော်အတွင်း သီရိလင်္ကာနိုင်ငံတလွှားက ခရစ်ယာန် ဘုရားကျောင်းတွေနဲ့ ဟိုတယ်တွေ အသေခံဗုံးခွဲခံရလို့ လူ ၃၅၉ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး အယောက် ၅၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ အစိုးရက ပြောခဲ့တာပါ။
ဒီအတွက် သံသယရှိသူ အယောက် ၆၀ ကျော်ကို ဖမ်းထားပြီးပြီလို့လည်း အစိုးရက ဧပြီ ၂၄ ရက်နေ့မှာ ပြောပါတယ်။
အသေခံဗုံးခွဲသမား ၇ ယောက်ထက်မနည်း ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ အစိုးရက ပြောသလို အိုင်အက်စ် စစ်သွေးကြွအဖွဲ့ရဲ့ ကြေညာချက်ကလည်း တိုက်ခိုက်ရေးသမား ၇ ယောက် ပါဝင် တိုက်ခိုက်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ခိုင်လုံတဲ့ သက်သေတစုံတရာတော့ မပေးခဲ့ပါဘူး။