A d v e r t i s e m e n t With Us

မိတ္ထီလာတွင် စစ်ကျန်ဗုံးသီးဟောင်း ၄ လုံး တွေ့ရှိ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ အမှတ် ၂ အထက်တန်းကျောင်း အုတ်တံတိုင်းဘေးမှာ ဧပြီ ၂၄ ရက်က မြေအောက်ကေဘယ်လ်လိုင်းကြိုးထားရှိဖို့ လိုင်းကျင်းတူးရာမှ စစ်ကျန်ဗုံးသီးဟောင်း ၄ လုံး တွေ့ရှိတယ်လို့ မိတ္ထီလာအမှတ် ၂ ရဲစခန်းက ပြောပါတယ်။ မိတ္ထီလာအမှတ် ၂ ရဲစခန်းတာဝန်ကျ ရဲအရာရှိက "ကေဘယ်လ်လိုင်းကျင်းတူးတဲ့ အလုပ်သမားတဦးက တွေ့တာပါ။ ဗုံးသီးတွေက သံချေးတက်နေတယ်။ အမှတ် ၉၁၁ စစ်မြေပြင် အင်ဂျင်နီယာတပ်ကို စနစ်တကျ လွှဲပြောင်းပေးလိုက်ပါတယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။ မိတ္ထီလာမြို့အမှတ် ၂ ရဲစခန်းက အမှတ် ၉၁၁ စစ်မြေပြင်အင်ဂျင်နီယာတပ်ခွဲ ၃ ကို အရှည် ၁၇ လက်မ လုံးပတ် ၁၂ လက်မရှိ စစ်ကျန်ဗုံးသီးဟောင်း ၄ လုံးအား ဒီနေ့မနက် ၁၀ နာရီခွဲမှာပဲ လွှဲပြောင်းပေးလိုက်ပါတယ်။ သတင်း-မောင်မောင်လင်း

A d v e r t i s e m e n t With Us

More News
Up