A d v e r t i s e m e n t With Us

ရွေးကောက်ပွဲတွင် မဲလိမ်ရန်ကြံစည်ဆိုသည့် စွပ်စွဲချက် အခြေအမြစ်မရှိဟု အင်ဒို လုံခြုံရေးဝန်ကြီး ပြော

အင်ဒိုနီးရှား ရွေးကောက်ပွဲမှာ စနစ်တကျ မဲလိမ်ဖို့ အစိုးရနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရွေးကောက်ပွဲ ကော်မရှင်တွေ၊ အဖွဲ့အစည်းတွေနဲ့ လျှို့ဝှက်ပူးပေါင်း ကြံစည်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ အခြေအမြစ် မရှိတဲ့အပြင် နိုင်ငံလုံခြုံရေးကိုပါ ခြိမ်းခြောက်နေတယ်လို့ အင်ဒိုနီးရှား လုံခြုံရေးဝန်ကြီးက ဧပြီ ၂၄ ရက်မှာ ပြောလိုက်ပါတယ်။ ပုဂ္ဂလိက မဲရေတွက်သူတွေဆီက တရားမဝင် မဲရလဒ်တွေအရ လက်ရှိသမ္မတ ဂျိုကို ဝီဒိုဒို မဲ ၅၅ ရာခိုင်နှုန်း ရထားပြီလို့ ပြခဲ့အပြီးမှာ ဝီဒိုဒိုက ရွေးကောက်ပွဲမှာ အနိုင်ရကြောင်း ကြေညာခဲ့တာပါ။ သူ့ကိုစိန်ခေါ်သူ ဗိုလ်ချုပ်ကြီးဟောင်းနဲ့ အင်ဒိုနီးရှားအာဏာရှင် ဆူဟာတိုရဲ့ သမက်ဟောင်း ဘရာဘိုဝို ဆူဘီယံတိုကလည်း သူနိုင်တယ်လို့ပြောရင်း အလိမ်အညာတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေတယ်လို့ တိုင်ကြားခဲ့ပါတယ်။ နာမည်ကောင်းရထားတဲ့ လူထုသဘောထား မေးမြန်း စစ်တမ်းကောက်သူတွေရဲ့ မဲနမူနာ ရေတွက်မှုက အရင် ရွေးကောက်ပွဲတွေတုန်းက တိကျသေချာခဲ့ပါတယ်။ ဒါပေမယ့် တရားဝင် မဲရလဒ်တွေကို မေလ ၂၂ ရက်ထိ ကြေညာဦးမှာ မဟုတ်ပါဘူး။ ၂၀၁၄ ခုနှစ်ကလည်း ဆူဘီယံတိုဟာ အခြေခံဥပဒေခုံရုံးက မဲရလဒ်တွေ မကြေညာခင်မှာ သူမဲနိုင်တယ်လို့ ကြေညာခဲ့ပေမယ့် အခြေခံဥပဒေခုံရုံးက ဝီဒိုဒို မဲနိုင်ကြောင်း အတည်ပြုခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up