တောင်အာဖရိကတွင် ရေကြီးမြေပြိုမှုကြောင့် သေဆုံးသူ ၅ဝ ကျော်ရှိ

ဓာတ်ပုံ - Reuters
တောင်အာဖရိကနိုင်ငံ တောင်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေမှာ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေက မိုးကြီးပြီး ရေကြီးမြေပြို ဖြစ်ခဲ့တာကြောင့် ဧပြီ ၂၄ ရက်နေ့အထိ သေဆုံးသူ ၅၁ ယောက်ထက်မနည်း ရှိခဲ့ပါတယ်။ သမ္မတ စီရယ်ရမ်မာဖိုဆာဟာ အဲဒီ ရေကြီးရွှံ့ပြိုရာ ဒေသတွေကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။ ကယ်ဆယ်ရေးသမားတွေက မြေပြိုမှုအောက်မှာ ပိတ်မိနေနိုင်သူတွေကို အပျက်အစီးတွေ ကြားထဲ ကြိုးစားရှာဖွေနေပါတယ်။ ရေကြီး မြေပြိုတာကြောင့် အဆောက်အဦတွေ ပြိုကျ၊ လမ်းတွေ ပိတ်ဆို့တာအပြင် ဓာတ်တိုင်တွေလည်း ပြိုလဲခဲ့ပါတယ်။ တောင်အာဖရိက မိုးလေဝသဌာနက နောက်ထပ် မိုးကြီးပြီး လေပြင်းတွေ တိုက်ခတ်နိုင်တယ်လို့ သတိပေးထားပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ကလည်း ကွာဇူလူးနေတယ်ပြည်နယ်မှာ မိုးကြီး လေပြင်းတိုက်ပြီး ရက်ပိုင်းအကြာ အီစတာပွဲ ပြုလုပ်နေစဉ် ဘုရားကျောင်းနံရံ ပြိုကျခဲ့တာကြောင့် လူ ၁၃ ယောက် သေဆုံးခဲ့ပါတယ်။

//
More News
Up