Home
မြန်မာသတင်း
ဘားအံမြို့တွင် ကိုကိုးသီးနှံစိုက်ပျိုးထုတ်လုပ်နည်း ဆရာဖြစ်သင်တန်းဖွင့်လှစ်
DVB
·
April 25, 2019
58377157_353274302199516_3540377177436454912_o
57750795_353274528866160_2639298433214578688_o
57579933_353274632199483_359074624748650496_o
57504471_353274685532811_5567252444343173120_o
57486392_353274878866125_3007943902956093440_o
ကရင်ပြည်နယ်အတွင်းက စိုက်ပျိုးရေးတောင်သူတွေ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်လာ စေဖို့နဲ့ တဦးချင်းဝင်ငွေမြင့်မားလာစေဖို့ရည်ရွယ်ပြီး ကိုကိုးသီးနှံစိုက်ပျိုးထုတ်လုပ်နည်း ဆရာဖြစ်သင်တန်းကို ပထမဆုံးအကြိမ် ဧပြီ ၂၃ ရက် မနက်က ဘားအံမြို့၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ သင်တန်းခန်းမမှာ ကျင်းပခဲ့ပါတယ်။ သင်တန်းကို စိုက်ပျိုးရေးဝန်ထမ်းတွေ ၀န်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ပေးဖို့၊ ရာဘာပင် ကြား၊ ကွမ်းပင်ကြား ဈေးကွက်ဝင် ကိုကိုးသီးနှံအမယ်သစ်ကို ဒေသခံတောင်သူတွေရဲ့ စိုက်ခင်း တွေမှာ ကြားသီးနှံအဖြစ် အောင်မြင်အောင် စိုက်ပျိုးထုတ်လုပ်နိုင်စေဖို့၊ ကိုကိုးသီးနှံ အစေ့အဆံ ကနေ ချောကလက်ပြုလုပ်နည်းသိရှိပြီး ဖြန့်ဖြူးပေးနိုင်ဖို့၊ ဒေသထွက်ကုန်အနေနဲ့ တင်ပို့ရောင်းချ နိုင်ဖို့၊ ဒေသအတွင်းလူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်လာစေဖို့နဲ့ တဦးချင်းဝင်ငွေမြင့်မားလာစေဖို့ ရည်ရွယ်ပြီး သင်တန်းသား၊ သင်တန်းသူ ၄၀ ဦးကို ၂ ရက်ကြာ သင်ကြားပေးသွားမှာပါ။ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊မွေးမြူးရေးနှင့်ဆည်မြောင်းဝန်ကြီး၊ ဦးစောမြင့်ဦး က “တန်ဖိုးရှိတဲ့ ကိုကိုးသီးတွေ ဘယ်လိုစိုက်ပျိုးရမလဲ၊ ဘယ်လို့ထုတ်ရမလဲ၊ ဘာတွေ ရှောင်ရမလဲ၊ ကျနော်တို့က ပို့ချပေးရုံမကဘူး နောက်နှစ်ကစပြီး နှစ်စဉ် သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်အောင် လုပ်ဆောင်ရမှာ” လို့ ပြောပါတယ်။ ကရင်ပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းထိုက်က “ဒီကိုကိုးသီးနှံက တနှစ်ပတ်လုံး ၀င်ငွေပေးနိုင်တဲ့အတွက် ဒီသီးနှံကနေ တောင်သူတွေရဲ့ တဦးချင်း ၀င်ငွေတွေ တိုးတက်နိုင်တယ်။ စိုက်ပျိုးထုတ်လုပ်မှု ကဏ္ဍမြင့်မားနိုင်တယ်” လို့ ပြောပါတယ်။ စိုက်ပျိုးရေးနှင့်ပညာရေးဖွံ့ဖြိုးမှုစင်တာ၊ စီမံကိန်းနှင့်စေ့စပ်ညှိနှိုင်းရေးမှူး၊ တာဝန်ခံ ဒေါ်ယဉ်ဆွေအေးက “ကိုကိုးကို တွန်းတွန်းတိုက်တိုက်လေးနဲ့ အားပေးမယ်ဆိုလို့ရှိရင် တောင်သူ တွေအတွက် အကျိုးရှိမယ့်အပြင် ပြည်နယ်စိုက်ပျိုးရေးကဏ္ဍသာမက ပြည်ပကိုတင်ပို့နိုင်မယ် ဆိုလို့ရှိရင် နိုင်ငံခြားဝင်ငွေရှာဖွေပေးမှုအပိုင်းမှာ ကောင်းမွန်လာမယ်လို့ မျှော်လင့်ပြီးတော့ သင်တန်းတွေကို ပံ့ပိုးဖြစ်တယ်”လို့ ပြောပါတယ်။ ကိုကိုးသီးနှံကို တနသာင်္ရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်မှာ ပထမဆုံးအကြိမ် စမ်းသပ်စိုက်ပျိုးရာမှာ အောင်မြင်ဖြစ်ထွန်းခဲ့တဲ့အတွက် လာမယ့် ၂၀၂၀ မှာ ကော့သောင်းမြို့နဲ့ ရှမ်းပြည်နယ် ကလောမြို့တွေမှာ အာနန္ဒာကုမ္ပဏီက မျိုးစေ့ပေး စိုက်ပျိုးပြီး ထုတ်ရှိလာတဲ့ ကုန်ကြမ်းတွေကို ကုန်ချောထုတ်လုပ်ဖို့ ၀ယ်ယူသွားမှာပါ။ ကရင်ပြည်နယ် သံတောင်ကြီးဒေသမှာ မျိုးစေ့ပေး စိုက်ပျိုးမှုတွေကို စတင်စိုက်ပျိုးနေပြီ ဖြစ်သလို ပြည်နယ်အတွင်းက တောင်သူတွေ စိုက်ပျိုးထုတ်လုပ်လာနိုင်အောင် ဆောင်ရွက်သွား မယ်လို့ တာဝန်ရှိသူက ဆိုပါတယ်။ တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ် ကလိန်အောင်ဒေသက ထွက်ရှိတဲ့ ကိုကိုးသီးနှံတွေကို အာနန္ဒာကုမ္ပဏီနဲ့ Dyna Grow ကုမ္ပဏီက ၁ ပိဿာကို ၅၅၀ ကျပ်ဈေးနှုန်းနဲ့ ကုန်ချောထုတ်လုပ်ဖို့ ၀ယ်ယူနေပါတယ်။ ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024