ပရီးမီးယားလိဂ် ချန်ပီယံဆု ရယူရန် မဖြစ်နိုင်သေးကြောင်း ဆိုးလ်ရှားပြော

1.1K
လာမယ့်ဘောလုံးရာသီမှာလည်း ပရီးမီးယားလိဂ် ချန်ပီယံဆု ရယူဖို့ မဖြစ်နိုင်သေးဘူးလို့ မန်ယူနည်းပြ ဆိုးလ်ရှားက ပြောကြားလိုက်ပါတယ်။
လက်ရှိခြေစွမ်းနဲ့ ကစားသမားအင်အား အရတော့ မန်ယူအသင်းအနေနဲ့ လိုအပ်ချက်တွေ ရှိနေသေးပြီး လာမယ့်ဘောလုံးရာသီမှာ ချန်ပီယံဆုရအောင် စွမ်းဆောင်နိုင်လိမ့်မယ်လို့ မထင်ကြောင်း နည်းပြ ဆိုးလ်ရှားက သုံးသပ် ပြောကြားသွားခဲ့တာပါ။
မန်ယူအသင်းအနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုဖလား ရဖို့အတွက် တည်ငြိမ်တဲ့ခြေစွမ်း မရှိသေးဘူးလို့ ဆိုးလ်ရှားက ဆိုပါတယ်။
ချန်ပီယံဆုဖလား ရယူနိုင်ဖို့က မှန်ကန်တဲ့ အရည်အသွေးနဲ့ အဆင့်အတန်းမျိုး လိုအပ်ပြီး မန်ယူအသင်းအနေနဲ့ တဖြည်းဖြည်းချင်းပဲ လုပ်ဆောင်သွားရမယ်လို့ ဆိုးလ်ရှားက ပြောပါတယ်။
ချန်ပီယံဆုဖလားရဖို့ ကစားသမား ၁၀ ဦးလောက် ရောင်းထုတ်ပြီး အသစ် ၁၀ ဦး ဝယ်ယူမယ်ဆိုရင်လည်း လွယ်ကူမှာမဟုတ်ဘဲ အရင်ကလို အဆင့်အတန်း ရောက်ဖို့အတွက် အချိန်ယူ ပြင်ဆင်သွားရမယ်လို့ နည်းပြဆိုးလ်ရှားက ပြောကြားသွားခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ပွဲစဉ် ၃၅ ကစားအပြီးမှာ အမှတ်ပေးဇယားထိပ်ဆုံးက မန်စီးတီးအသင်းနဲ့ ၂၅ မှတ်အထိ ကွာဟနေပါတယ်။