ရေးမြို့နယ် ကဗျာဝကမ်းခြေဈေးဆိုင်ခန်းများ စိတ်ဝင်စားမှု နည်းပါး




1.5K
မွန်ပြည်နယ် ရေးမြို့နယ် ကဗျာဝကမ်းခြေသာယာလှပစေရေးအတွက် ဈေးဆိုင်ခန်း ပြန်လည်နေရာချထားရေး အခုရက်ပိုင်းအတွင်း ဈေးဆိုင်ခန်းစတင်တည်ဆောက်သွားဖို့ ကမ်းခြေ သာယာလှပစေရေးကော်မတီက ပြောပါတယ်။
အခုကဗျာဝကမ်းကမ်းခြေမှာ ကျူးကျော်တရားမဝင်ဈေးဆိုင်ခန်းတွေကို ဧပြီ ၂၇ ရက်နေ့မှာ နောက်ဆုံး ဖယ်ရှားပေးသွားဖို့နဲ့ သတိပေးထားပြီး တရားဝင်ဥပဒေနဲ့အညီ ဈေးဆိုင်ခန်းတွေကို တည်ဆောက်ဖို့ လျှောက်လွှာခေါ်ယူနေတဲ့အချိန်မှာ စိတ်ဝင်စားမှုနည်းပါးသလို အခု လကုန် ရက်မှာ ကုမ္ပဏီတခုနဲ့ စတင်တည်ဆောက်သွားမည်လို့ ကဗျာဝ ကမ်းခြေသာယာလှပရေး ကော်မတီ အစည်းအဝေးမှာ ကမ်းခြေသာယာလှပစေရေးကော်မတီ ဥက္ကဋ္ဌ ခေါဇာမြို့ အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုက ပြောပါတယ်။
ဈေးဆိုင်ခန်းလျှောက်လွှာတွေကို စတင်ခေါ်ယူနေတဲ့အချိန်ကစပြီး အခုအချိန်အထိ ဈေးဆိုင်ခန်းပေါင်း ၅၈ လျာထားတဲ့အနက် လျှောက်လွှာတင်ထားသူမှာ ၂၄ ဦးသာရှိနေပြီး ကနေဦးအနေနဲ့ ၁ ခန်းကို ကျပ် ၁၆ သိန်း ပေးသွင်းရမယ်လို့ ကော်မတီက ထုတ်ပြန်ထားပါတယ်။
ရေးမြို့နယ် ခေါဇာမြို့ ကဗျာဝကမ်းခြေ ကမ်းခြေသာယာလှစေရေး ဖြစ်လာတာနဲ့အမျှ ခရီးသွားပြည်သူတွေ လုံခြုံစိတ်ချအေးချမ်းစွာ အပန်းဖြေအနားယူဖို့၊ ခရီးသွားတွေ မြင့်တက်လာဖို့ ဒေသခံတွေ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။
နေမျိုးထွဋ် (ရေး)