A d v e r t i s e m e n t With Us

မန်ယူကို ၂ ဂိုးပြတ်နိုင်ပြီး မန်စီးတီး အမှတ်ပေးဇယား ထိပ်ဆုံးတက် (ရုပ်သံ)

ပရီးမီးယားလိဂ် ပွဲကျန်အဖြစ် မန်ချက်စတာယူနိုက်တက်နဲ့ မန်စီးတီးတို့ မနေ့က ယှဉ်ပြိုင်ရာ မန်စီးတီးက နှစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ အိမ်ရှင် မန်ယူအသင်းဟာ တိုက်စစ်မှူး လူကာကူကို အနားပေးပြီး ဒဏ်ရာက ပြန်ကောင်းလာတဲ့ လင်ဂတ်နဲ့ ရက်ရှ်ဖို့ဒ်အတွဲကို ပေါ့ဂ်ဘာ၊ ဖရက်ဒ်၊ ပီရဲယားတို့နဲ့ ဝန်းရံခဲ့ပါတယ်။ မန်စီးတီးအသင်းကတော့ ဒဏ်ရာရနေတဲ့ ကွင်းလယ်လူ ဒီဘရိုင်း မပါဝင်နိုင်သလို ဆာနေးကိုလည်း အရန်ခုံမှာပဲထားပြီး စတာလင်၊ အဂွေရို၊ ဒေးဗစ်ဆေးလ်ဗား၊ ဘာနာဒိုဆေးလ်ဗား၊ ဖာနန်ဒင်ဟို၊ ဂန်ဒိုဂန်တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ နှစ်သင်း အပြန်အလှန် ကစားခဲ့ကြပေမယ့် ဧည့်သည် မန်စီးတီးအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးယူပြီး ပိုမိုထိုးဖောက် ကစားနိုင်ခဲ့ပါတယ်။ ပွဲချိန် ပထမပိုင်းမှာတော့ နှစ်သင်းစလုံး ဂိုးမသွင်းနိုင်ဘဲ သရေကျနေခဲ့ပြီး ဒုတိယပိုင်းမှာ မန်စီးတီးအသင်းက ကွင်းလယ် တိုက်စစ်ကစားသမား ဆာနေးကို ထည့်သွင်းပြီး တိုက်စစ်မြှင့်ခဲ့ပါတယ်။ ဆာနေးဝင်လာပြီး နောက်ပိုင်း မန်စီးတီးကစားကွက် ပိုကောင်းလာသလို မန်ယူဘက်ကိုလည်း ထိုးဖောက်ကန်သွင်းခွင့် ပိုရလာပြီး ပွဲချိန် ၅၄ မိနစ်မှာ ဘာနာဒိုဆေးလ်ဗားက မန်ယူဂိုးထောင့်ကျဉ်းထဲ အပြင်းကန်သွင်းပြီး အဖွင့်ဂိုး ရယူပေးခဲ့ပါတယ်။ ပွဲချိန် ၆၆ မိနစ်မှာတော့ မန်စီးတီး ဒုတိယအနိုင်ဂိုး ရပြီး လူစားဝင်ကစားသမား ဆာနေးက သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားအဖြစ် မန်စီးတီးကွင်းလယ်မှာ အကောင်းဆုံး ခြေစွမ်းပြ ကစားနိုင်သလို အဖွင့်ဂိုးသွင်းယူပေးခဲ့တဲ့ ဘာနာဒိုဆေးလ်ဗားကို သတ်မှတ်ခဲ့ပါတယ်။ ဒီပွဲနိုင်တဲ့ မန်စီးတီးအသင်းက လီဗာပူးနဲ့ ပွဲတူ တမှတ်အသာနဲ့ အမှတ်ပေးဇယား ထိပ်ဆုံးကို ဦးဆောင်ထားနိုင်ပါတယ်။ မန်ချက်စတာယူနိုက်ကတော့ ရမှတ် ၆၄ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၆ မှာပဲ ဆက်လက်ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up