ချဲလ်ဆီးလူငယ်တိုက်စစ်မှူး ဟတ်ဆန်အိုဒွိုင်း ၃ လခန့် နားရမည်

1.1K
ချဲလ်ဆီးလူငယ်တိုက်စစ်မှူး ဟတ်ဆန်အိုဒွိုင်းဟာ ခြေဖနောင့်ကြော ဒဏ်ရာကြောင့် ၃ လလောက် အနားယူရတော့မှာ ဖြစ်ပါတယ်။
အိုဒွိုင်းဟာ ဘန်လေအသင်းနဲ့ နှစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ ခြေဖနောင့်ဒဏ်ရာ ရခဲ့လို့ ပွဲချိန် ၄၂ မိနစ်မှာပဲ ပက်ဒရိုနဲ့ လူစားလဲခဲ့ရတာပါ။
ဟတ်ဆန်အိုဒွိုင်းဟာ ချဲလ်ဆီးအသင်းရဲ့ နောက်ဆုံး ပရီးမီးယားလိဂ် လေးပွဲမှာ ပွဲထွက်ကစားသမားအဖြစ် ကစားခွင့်ရခဲ့သူဖြစ်ပြီး ဒဏ်ရာရရှိသွားတာက သူ့အတွက်ရော ချဲလ်ဆီးအသင်းအတွက်ပါ သတင်းဆိုးဖြစ်ခဲ့ပါတယ်။
အိုဒွိုင်းရဲ့ ဖနောင့်ဒဏ်ရာ အခြေအနေကို အသင်းက စစ်ဆေးအပြီးမှာတော့ ခွဲစိတ်ကုသဖို့ လိုအပ်မှာဖြစ်ပြီး လာမယ့်ရက်ပိုင်းအတွင်း စတင်လုပ်ဆောင်ရတော့မှာ ဖြစ်တယ်လို့ အသင်းက သတင်းထုတ်ပြန်ပါတယ်။
ဒါကြောင့် လက်ကျန်ပွဲစဉ်တွေကို လွဲချော်မှာဖြစ်သလို လာမယ့်ဘောလုံးရာသီ အစမှာတောင် ကြံ့ခိုင်မှုအပြည့်နဲ့ ကစားနိုင်မလားဆိုတာ မသေချာသေးဘူးလို့ သိရပါတယ်။
အသက် ၁၉ နှစ်ပဲရှိသေးတဲ့ အိုဒွိုင်းဟာ ပြီးခဲ့တဲ့ မတ်လကလည်း အင်္ဂလန်လက်ရွေးစင်အသင်းမှာ ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရပြီး တပွဲ ပါဝင်ကစားခဲ့ပါတယ်။
အကောင်းဆုံးခြေစွမ်း ရရှိနေချိန်မှာ ကြီးမားတဲ့ဒဏ်ရာ ရရှိသွားခဲ့တာက အင်္ဂလန်အသင်းအတွက်လည်း နစ်နစ်စရာ ဖြစ်သွားခဲ့ပါတယ်။