နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် တရုတ်နိုင်ငံသို့ ရောက်ရှိ (ဓာတ်ပုံ)
DVB
·
April 24, 2019
ပေကျင်းမြို့မှာကျင်းပမယ့် ဒုတိယအကြိမ်မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် တက်ရောက်ဖို့ တရုတ်နိုင်ငံကို သွားရောက်နေတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ တရုတ်နိုင်ငံ၊ ကူမင်း နိုင်ငံတကာ လေဆိပ်သို့ ဒီကနေ့မနက်က ရောက်ရှိ သွားပါတယ်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့မနက် ၁၁ နာရီကျော်လောက်မှာ ပေကျင်းမြို့သို့ ခရီးဆက်လက်ထွက်ခွာသွားတယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပါတယ်။
ဓာတ်ပုံ-သတင်းစဉ်