Home
မြန်မာသတင်း
ဘီးလင်းနှင့် ပုသိမ်တွင် ရာစုနှစ်တ၀က်ကျော်အတွင်း အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်
DVB
·
April 24, 2019
မြန်မာနိုင်ငံတ၀န်း နေ့အပူချိန်တွေ ဆက်လက်မြင့်တက်နေရာမှာ မွန်ပြည်နယ်၊ ဘီးလင်းမြို့နဲ့ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွေမှာ အမြင့်ဆုံးအပူချိန် စံချိန်သစ်ကို ဧပြီ ၂၃ ရက်က ရောက်ရှိခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။ မွန်ပြည်နယ်၊ ဘီးလင်းမြို့မှာ နှစ်ပေါင်း  ၅၄ နှစ်အတွင်း အမြင့်ဆုံးစံချိန်သစ်အဖြစ် ၄၀.၁ ဒီဂရီစင်တီဂရိတ်ကို   ဧပြီ ၂၃ ရက်က ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ပုသိမ်မြို့မှာလည်း နှစ်ပေါင်း ၇၀ ကျော်အတွင်း အမြင့်ဆုံး အပူချိန်စံချိန်သစ် ၄၁.၅ ဒီဂရီစင်တီဂရိတ်ကို ဧပြီ ၂၂ ရက်က ရောက်ရှိခဲ့ပါတယ်။ ပုသိမ်မြို့ရဲ့ အရင်စံချိန်ဟောင်းကတော့ အပူချိန်  ၄၁ ဒီဂရီစင်တီဂရိတ်ဖြစ်ပြီး မိုးလေ၀သစခန်း စတင်ဖွင့်လှစ်တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၃နှစ်အတွင်း အမြင့်ဆုံး စံချိန်သစ် တင်တာလည်းဖြစ်ပါတယ်။ ဓာတ်ပုံ- မိုးဇလ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024