A d v e r t i s e m e n t With Us

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဇွန်လထဲတွင် ဗြိတိန်သွားမည်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဗြိတိန်ကို ဇွန်လထဲမှာ တရားဝင်လာလည်ဖို့ ဘုရင်မကြီး အဲလိဇဘက်ရဲ့ ဖိတ်ကြားချက်ကို လက်ခံခဲ့တယ်လို့ ဗြိတိန်နိုင်ငံ ဘက်ကင်ဟမ် နန်းတော်က ဧပြီ ၂၃ ရက်မှာ ပြောလိုက်ပါတယ်။ ထရမ့်နဲ့ ဇနီးဟာ ဇွန်လ ၃ ရက်ကနေ ၅ ရက်ထိ ဗြိတိန်မှာ လာလည်ပတ်မယ်လို့ နန်းတော်က ပြောပါတယ်။ နောက်ထပ် အသေးစိတ်တွေကို ထပ်ကြေညာမယ်လို့လည်း ဆိုပါတယ်။ ခရီးစဉ်အတွင်း ထရမ့်ဟာ ဒေါင်းနင်းလမ်းမှာ ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေနဲ့ အစည်းအဝေး ကျင်းပမှာပါ။ ဒီခရီးစဉ်ဟာ ကမ္ဘာ့သမိုင်းမှာ အကြီးဆုံး ကမ်းတက်စစ်ဆင်ရေးဖြစ်တဲ့ ဒုတိယကမ္ဘာစစ် အတွင်း နော်မန်ဒီ ကမ်းတက်စစ်ဆင်ရေး ၇၅ နှစ်ပြည့် နှစ်ပတ်လည်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ ဗြိတိန်နဲ့ အမေရိကန်တို့ဟာ ဘုံသမိုင်းကြောင်းနဲ့ မျှဝေထားတဲ့ အကျိုးစီးပွားတွေထဲမှာ အမြစ်တွယ်နေတဲ့ နက်ရှိုင်းခိုင်မာတဲ့ မိတ်ဘက်ဖြစ်တယ်လို့ မေက ကြေညာချက် ထုတ်ပြန်ပါတယ်။ တရားဝင် အလည်အပတ်ခရီးဟာ ကာကွယ်ရေး၊ လုံခြုံရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်ရေးလို နယ်ပယ်တွေမှာ နဂိုရှိပြီးသား နီးကပ်တဲ့ ဆက်ဆံရေးကို အားဖြည့်ပေးတဲ့ အခွင့်အရေးပဲ ရှေ့လာမယ့်နှစ်တွေမှာ ဒီဆက်ဆံရေးတွေကို ဘယ်လိုဆက် တည်ဆောက်မလဲဆိုတာ ဆွေးနွေးမယ်လို့ မေက ပြောပါတယ်။ ၂၀၁၈ ခုနှစ်က ထရမ့်ရဲ့ ဗြိတိန်ကို ပထမဆုံး ခရီးစဉ်အတွင်း သူဟာ ဗြိတိန်ဝန်ကြီးချုပ်နဲ့ရော ဘုရင်မနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up