မန်ယူ ချန်ပီယံလိဂ်ဝင်ခွင့် မရပါက ဒီဂီယာကို ဆုံးရှုံးနိုင်
မန်ချက်စတာယူနိုက်တက်အသင်း အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် မရရင် ဂိုးသမား ဒီဂီယာကို လက်လွတ်ဆုံးရှုံးရနိုင်တယ်လို့ သိရပါတယ်။
မန်ယူအသင်းဟာ တနှစ်သက်တမ်းပဲ ကျန်ရှိတော့တဲ့ အသင်းရဲ့ ဂိုးသမား ဒီဂီယာကို စာချုပ်သက်တမ်းတိုးဖို့ ကြိုးပမ်းနေတာ ကြာမြင့်နေပြီ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီဂီယာက လုပ်ခလစာ တိုးတောင်းခဲ့တဲ့အတွက် ဆွေးနွေးမှု အဆင်မပြေ ဖြစ်ခဲ့တယ်လို့ သတင်းထွက်ခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ မန်ချက်စတာယူနိုက်တက်အသင်း အနေနဲ့ လာမယ့် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲ ကစားခွင့် မရဘူးဆိုရင်တော့ ဒီဂီယာဟာလည်း အသင်းက ထွက်ခွာတော့မှာဖြစ်တယ်လို့ အင်္ဂလန်သတင်းစာ ဂါးဒီယန်းက ရေးသားခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်ရှိ ပရီးမီးယားလိဂ်မှာ အဆင့် ၆ နေရာ ရောက်ရှိနေပြီး အဆင့် ၄ က ချဲလ်ဆီးအသင်းနဲ့ သုံးမှတ်ကွာဟနေတာဖြစ်လို့ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့အတွက် နောက်ဆုံးပွဲစဉ်တွေအထိ ရုန်းကန်ကစားသွားရဖို့ ရှိနေတာ ဖြစ်ပါတယ်။
အသက် ၂၈ နှစ်ရှိ စပိန်ဂိုးသမား ဒီဂီယာဟာ မန်ယူအသင်းမှာ ၈ နှစ်ကြာ ကစားခဲ့ပြီး ရီးရဲလ်မက်ဒရစ်အသင်းနဲ့လည်း မကြာခဏ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။