ပြင်သစ်မြို့တော် ပါရီအနီးရှိ ဗာဆေးလက်စ်မြို့တွင် မီးအကြီးအကျယ်လောင်

2.6K
ပြင်သစ်မြို့တော် ပါရီအနီးက ဗာဆေးလက်စ်မြို့မှာ ဧပြီ ၂၃ ရက်က မီးအကြီးအကျယ် လောင်ကျွမ်းခဲ့လို့ မီးသတ်သမား ၈၆ ယောက်က မီးသတ်ကား ၂၄ စီးနဲ့ ကြိုးစား ငြှိမ်းသတ်နေတယ်လို့ အစီရင်ခံစာတွေမှာ ဖော်ပြပါတယ်။
ဒေသန္တရ အာဏာပိုင်တွေက မီးလောင်ပြင်ကို ပိတ်ဆို့ကာရံထားပြီး ဒေသခံတွေ မီးလောင်တဲ့နေရာနားကို မချဉ်းကပ်ဖို့ သတိပေးထားပါတယ်။
မီးလောင်တဲ့မြို့ဟာ ကမ္ဘာ့အမွေအနှစ်အဖြစ် ယူနက်စကိုက သတ်မှတ်ထားတဲ့ ဗာဆေးလက်စ်နန်းတော်ရှိရာမြို့ဖြစ်လို့ လူသိများပါတယ်။
ကမ္ဘာလှည့်ခရီးသည်တွေကြားမှာ လူကြိုက်များတဲ့ နော်တာဒမ် ခရစ်ယာန်ဘုရားကျောင်း မီးလောင်ပျက်စီးအပြီး ၈ ရက်မြောက်နေ့မှာ ဗာဆေးလက်စ်မြို့မှာ ထပ်ပြီး မီးလောင်ခဲ့တာပါ။ မီးလောင်ရတဲ့ အကြောင်းရင်းနဲ့ ထိခိုက်သေဆုံးမှု စာရင်းကိုတော့ မသိရသေးပါဘူး။