ကစားသမားများ၏ ဒဏ်ရာအခြေအနေကို ပြောမည်မဟုတ်ဟု အာဆင်နယ်နည်းပြ ဆို

အသုံးပြုမယ့် ကစားကွက်နဲ့ ကစားသမားတွေရဲ့ ဒဏ်ရာအခြေအနေကို ပြိုင်ဘက်အသင်းတွေသိအောင် ပြောပြသွားမှာ မဟုတ်ဘူးလို့ အာဆင်နယ်နည်းပြ အမ်မရီက ပြောကြားလိုက်ပါတယ်။ အာဆင်နယ်အသင်းဟာ ဒီနေ့ညမှာ ဝုဗ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာပါ။ အဲဒီပွဲစဉ်မတိုင်ခင် အသင်းရဲ့ ဒဏ်ရာရ ကစားသမားစာရင်း၊ အသုံးပြုမယ့် ကစားကွက်နဲ့ ပွဲထွက်ကစားသမား စာရင်းတွေနဲ့ ပတ်သက်ပြီး မီဒီယာတွေက မေးမြန်းရာမှာ အမ်မရီက ဖြေကြားဖို့ ငြင်းဆန်သွားခဲ့တာ ဖြစ်ပါတယ်။ ကစားသမားတွေရဲ့ အခြေအနေကို ပြောပြမှာမဟုတ်ဘဲ အဲဒါက မိမိတို့ အသင်းနဲ့သာ သက်ဆိုင်တဲ့ကိစ္စဖြစ်ပြီး မီဒီယာတွေနဲ့ မသက်ဆိုင်တဲ့အကြောင်း အမ်မရီက ပြောကြားသွားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိရေးအတွက် ဝုဗ်နဲ့ပွဲစဉ်က အရေးပါနေပြီး အနိုင်ရဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

More News
Up