Home
မြန်မာသတင်း
နိုင်ငံပိုင်ဂိုထောင်များ ဖျက်သိမ်းနေသူများကို  အမှုဖွင့်အရေးယူ
DVB
·
April 24, 2019
ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့ မင်းရဲကျော်စွာရပ်ကွက်နဲ့ ကျန်စစ်သားရပ်ကွက် ကြားရှိ နိုင်ငံပိုင် ဂိုထာင်တွေကို လေလံအောင်ကြောင်း ပြောဆိုကာ ဖျတ်သိမ်းနေသူတွေနဲ့ ခိုင်းစေသူကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနက ဧပြီ ၂၁ ရက်က ဥက္ကံနယ်မြေရဲစခန်းမှာ အမှုဖွင့်လိုက်ပါတယ်။ ဌာနပိုင် မြို့မသိုလှောင်ရုံ ဝန်းအတွင်းမှာရှိတဲ့ သိုလှောင်ရုံ (၅) လုံး ဖျက်သိမ်းခံရတဲ့ သတင်းကြားလို့ စားသုံးသူရေးရာဦးစီးဌာန မြောက်ပိုင်းခရိုင်ဦးစီးမှူး ဦးအောင်တင်စိုးနဲ့ အဖွဲ့က လာရောက်စစ်ဆေးရာ ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ်က ဒေါ်တင်တင်မိုးက လေလံအောင်တဲ့အတွက် ဖျက်သိမ်းခိုင်း တာကြောင့် လာဖျက်သိမ်းရတာဖြစ်တယ်လို့ အလုပ်သမားခေါင်းဆောင် ဦးဘတိုး(ခ)မြင့်ခိုင်ရဲ့ ပြောပြချက်အရ သိရပြီး စာရွက်စာတမ်း တစုံတရာ ပြသနိုင်ခြင်း မရှိဘူးလို့ သိရပါတယ်။ ဖျက်သိမ်းမှုကြောင့် သိုလှောင်ရုံ ၅လုံးအနက် ၃ လုံးရှိ အမိုးသွပ်တွေ၊ အကာတွေ၊ သစ်သားတန်းတွေ စုစုပေါင်းကာလတန်ဖိုး  ကျပ် ၁၀ သိန်းကျော်ဖိုး ဖျက်ဆီးခံထားရပါတယ်။ ဝန်ကြီးဌာနခွင့်ပြုချက်မရှိဘဲ နိုင်ငံပိုင်သိုလှောင်ရုံတွေကို ဖျက်စီးရန်ခိုင်းစေတဲ့ ဒေါ်တင်တင်မိုး၊ အလုပ်သမားခေါင်းဆောင် ဦးဘတိုး(ခ)မြင့်ခိုင်၊ ဦးမြင့်လှိုင်၊ ဦးသက်နိုင်ဦး၊ ဦးခင်လှိုင်၊ ဦးအကြီးကောင်၊ ဦးစန်းယု၊ ဦးညွှန်ဝေနဲ့ ဦးမျိုးဝင်းတို့ကို ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေး အက်ဥပဒေ ပုဒ်မ ၆ (၁)နဲ့ အမှုဖွင့်ထားတယ်လို့ ဥက္ကံနယ်မြေ ရဲစခန်းအမှုစစ် ဒုရဲအုပ်မင်းမင်းဇော်က ပြောပါတယ်။ သတင်း - မေသွယ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024