ထိုင်း တောဝက်လူငယ်လေးများ သြစတြေးလျ ရေငုပ်သမား ၂ ဦးနှင့် တွေ့

ထိုင်းနိုင်ငံမြောက်ပိုင်းက လိုဏ်ဂူထဲမှာ မနှစ်က ပိတ်မိခဲ့တဲ့ တောဝက် ဘောလုံးအသင်းဝင် လူငယ်လေးတွေဟာ သူတို့ကိုကယ်ခဲ့တဲ့ သြစတြေးလျ ရေငုပ်သမား ရစ်ချတ် ဟားရစ်စ်၊ ခရေ့ခ်ျ ချယ်လန်တို့နဲ့ ဧပြီ ၂၂ ရက်က တွေ့ဆုံပါတယ်။ အသက် ၁၁ နှစ်ကနေ ၁၆ နှစ်ကြား ဘောလုံးသမားတွေဟာ အသက် ၂၅ နှစ်အရွယ် သူတို့ရဲ့ နည်းပြနဲ့အတူ ချင်းရိုင်ခရိုင်ထဲက လိုဏ်ဂူထဲမှာ မနှစ် ဇွန်လအတွင်းက ပိတ်မိနေခဲ့တာပါ။ သူတို့ကိုကယ်ထုတ်ဖို့ ၁၇ ရက်ကြာ အားထုတ်မှုကို တကမ္ဘာလုံးက စောင့်ကြည့်နေခဲ့ပြီး နိုင်ငံအသီးသီးက ပညာရှင်တွေ လုပ်အားပေး ကူညီခဲ့ကြပါတယ်။ ဟားရစ်စ်နဲ့ ချယ်လန်တို့ဟာ အဓိက ကယ်ဆယ်ရေးအဖွဲ့ဝင်တွေဖြစ်ပြီး နိုင်ငံခြားသား ရေငုပ်သမား ၁၃ ယောက်၊ ထိုင်းရေတပ်က ရေငုပ်သမား ၅ ယောက်တို့နဲ့အတူ တောဝက်ဘောလုံးအသင်းဝင် လူငယ်လေးတွေကို ဘေးကင်းကင်း ကယ်ထုတ်နိုင်ခဲ့ပါတယ်။ ဟားရစ်စ်ဟာ မေ့ဆေးပညာရှင်ဖြစ်ပြီး တောဝက် ကလေးငယ်တွေကို ရေလွှမ်းဥမင်တွေထဲကနေ တယောက်ချင်း ကယ်ဆယ်ရေးထမ်းစင်နဲ့ ကယ်မထုတ်ခင် စိတ်ငြိမ်ဆေး တိုက်ကျွေးခဲ့သူလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up