ဟောင်ကောင်ဖိတ်ခေါ်ဖလားချန်ပီယံ မြန်မာယူ-၁၈ အသင်း ရန်ကုန်ပြန်ရောက် (ဓာတ်ပုံ)






2.9K
ဟောင်ကောင် ဖိတ်ခေါ် Jockey Club International Youth Invitational Football Tournament 2019 မှာ ဗိုလ်စွဲခဲ့တဲ့ မြန်မာ့လက်ရွေးစင် ယူ-၁၈ အသင်းဟာ ဧပြီ ၂၃ ရက် ည ၇ နာရီက ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိလာပါတယ်။
မြန်မာ ယူ-၁၈ အသင်းဟာ အိမ်ရှင် ဟောင်ကောင်၊ ဗီယက်နမ်၊ စင်ကာပူတို့နဲ့ လေးသင်းပတ်လည် ကစားခဲ့ပြီး နှစ်ပွဲနိုင်၊ တပွဲသရေနဲ့ ရှုံးပွဲမရှိ ချန်ပီယံဖြစ်ခဲ့တာပါ။
နည်းပြချုပ် ဦးစိုးမြတ်မင်းကတော့ အခုနိုင်ပွဲဟာ အစပဲရှိသေးပြီး နောင်လာမယ့် အချိန်တွေဟာ ပိုခက်ခဲလာမှာဖြစ်လို့ ပြင်ဆင်ထားကြောင်း၊ ကစားသမားတွေ အနေနဲ့လည်း အနားယူလို့ မရသေးဘဲ ချက်ချင်း လေ့ကျင့်ခန်း ပြန်ဆင်းရမယ်လို့ ပြောပါတယ်။
မြန်မာယူ-၁၈ ကစားသမားတွေကတော့ အခုပြိုင်ပွဲကနေ ပြိုင်ဘက်နိုင်ငံတွေရဲ့ ပြင်ဆင်မှုတွေနဲ့ တိုးတက်လာတဲ့ အခြေအနေတွေ တွေ့မြင်ခဲ့ရပြီး အတွေ့အကြုံကောင်းတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
သတင်း၊ ဓာတ်ပုံ - ထက်လူ