A d v e r t i s e m e n t With Us

ရုပ်ရှင်ရုံထဲ သရဲခြောက်သလိုခံစားရမည့် သွေးပျက်ထိတ်လန့်ဖွယ်ရုပ်ရှင်-မဟူရာရုပ်ရှင်ရုံ(နမူနာ)

    သွေးပျက်ထိတ်လန့်စရာ မြင်ကွင်းတွေ၊ ရိုက်ချက်တွေနဲ့ ထူးထူးခြားခြားဖန်တီးထားတဲ့ မြန်မာရုပ်ရှင်ကား မဟူရာ ရုပ်ရှင်ရုံကို လာမယ့် ဧပြီ ၂၅ ရက်မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ 7th Sense ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး ဒါရိုက်တာ ပြည့်ဇော်ဖြိုးက ကိုယ်တိုင်ဇာတ်ညွှန်းခွဲပြီး ကိုယ်တိုင်ပဲ ပုံဖော်ရိုက်ကူးထားခဲ့ တာ ဖြစ်ပါတယ်။ လူငယ် Film makers ၄ ယောက်ဟာ နယ်မြို့လေးတမြို့က ရုပ်ရှင်ရုံဟောင်းတခုကို Travel Film Ferstival တခုအတွက် ငှားရမ်းခဲ့ကြပါတယ်။ အဲဒီရုပ်ရှင်ရုံအဟောင်းထဲမှာတော့ သူတို့ မသိနိုင်တဲ့ ခြောက်ခြားစရာ အတိတ်ဖြစ်ရပ်တွေ ရှိနေခဲ့ပြီး သွေးပျက်ထိတ်လန့်စရာ ကောင်းတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ရချိန်မှာ ဘာတွေ ဆက်ဖြစ်လာမလဲ။ သူတို့နဲ့ ပူးပေါင်းမိ ခဲ့တဲ့ NGO ၀န်ထမ်းတယောက်ဖြစ်တဲ့ အိန္ဒိယနိုင်ငံသူ Ria နဲ့ ဆုံချိန်မှာတော့ ဘယ်လိုတွေ ဖြစ်လာမလဲဆိုတာတွေကို ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ မြန်မာသရုပ်ဆောင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ နေတိုး၊ ကျော်ကျော်ဗို၊ မင်းသွေး၊ နန်းဆုဦးတို့နဲ့အတူ ထူးထူးခြားခြား အိန္ဒိယသရုပ်ဆောင် မော်ဒယ် Riya Ray တို့က ခေါင်းဆောင် ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီကားကို အိန္ဒိယ ရုပ်ရှင်ပွဲတော် ၂ ခုမှာ ပါဝင်ပြသခဲ့ပြီး တက်သစ်စ ဒါရိုက်တာဆု၊ ဇာတ်ကားဆု၊ သရုပ်ဆောင်မင်းသားဆုနဲ့ အသံဆု စတဲ့ ထူးချွန်ဆုတွေ ရရှိထားခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ဟာ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှု ကွန်ရက်စာမျက်နှာပေါ်မှာ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁ သန်းခွဲနီးပါး ရှိနေခဲ့တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up