Home
မြန်မာသတင်း
ထန်​ကိုင်း​ရေနံ​မှော်​အတွင်း တရားမဝင်​​ရေနံတူး​ဖော်​မှု​များကို ပိတ်​သိမ်းမည်
DVB
·
April 23, 2019
မကွေးတိုင်း၊ အထက်​မင်းလှမြို့နယ်​၊ ထန်းကိုင်း​ရေနံ​မှော်​ အတွင်း တရားမဝင်​​ရေနံ တူး​ဖော်​မှု​တွေကို မီး​ဘေး အန္တရာယ်​စိုးရိမ်​ရတဲ့အတွက်​ ဧပြီ ၂၄ ရက်​​ နောက်​ဆုံးထားပြီး ပိတ်​သိမ်းသွားမယ်​လို့ မ​ကွေးတိုင်း​ဒေသကြီး သံယံဇာတ၊ သဘာဝပတ်​ဝန်းကျင်​နှင့် လျှပ်​စစ်​၊ စွမ်းအင်​ဝန်​ကြီးဌာနက သိရပါတယ်။ မ​ကွေးတိုင်း​ဒေသကြီး သယံဇာတ၊ သဘာဝပတ်​ဝန်းကျင်​ နှင့် လျှပ်​စစ်​၊စွမ်းအင်​ဝန်​ကြီး ဦးမြင့်​ဇော်​က "ခွင့်ပြုချက်​တင်​ထားတာ မရှိဘဲ တရားမဝင်​တူး​ဖော်​​နေတဲ့ ​ရေနံကျင်း​တွေကို ပိတ်​သိမ်းသွားမှာပါ။ နိုင်​ငံပိုင်​ MOGE ထန်​ကိုင်း​ရေနံ​မြေ ဧရိယာနဲ့ တဆက်​တည်း ဖြစ်​​နေပြီး ကပစ စက်ရုံနဲ့လည်း နီးကပ်​​နေတဲ့အတွက်​ ပြည်​​ထောင်​စု အစိုးရက ပိတ်​သိမ်းတာဖြစ်​တယ်​။ ရေနံတူး​ဖော်​​နေတဲ့ မိသားစုဝင်​​တွေရဲ့ စားဝတ်​​နေ​ရေးကို ဂရုမစိုက်​လို့မဟုတ်​ဘဲ မကြာခဏ ဆိုသလို မီး​လောင်​မှုဖြစ်​ပွားပြီး လုံနယ်​ဝန်​ကြီးနဲ့ ပြည်​​ထောင်​စုက ဒုဦး​ဆောင်​ညွှန်​ကြား​ရေးမှူး ကိုယ်တိုင်​ လာ​ရောက်​ငြိမ်းသတ်​ခဲ့ရတယ်​"လို့ ပြောပါတယ်​။ မီးလောင်တဲ့အခါမှာ ယန္တရား​တွေနဲ့ အုပ်​​ဆောင်း​တွေအုပ်​ မီးငြှိမ်းသတ်​ခဲ့ရတဲ့အတွက်​ လုပ်​ငန်းရှင်​အပြင်​ နိုင်​ငံ​တော်​အ​နေနဲ့ ဆုံးရှုံးမှု​တွေဖြစ်​​ပေါ်ခဲ့ပြီး ခွင့်ပြုထားတဲ့ ဧရိယာ မဟုတ်​တဲ့အတွက်​​ ရေနံ​မြေထဲက ထွက်​​ပေးဖို့ သက်​ဆိုင်​ရာမြို့နယ်​ အုပ်​ချုပ်​​ရေးမှူးမှ တဆင့် အမိန့်​ထုတ်​ပြန်​ထား ပြီးဖြစ်​တယ်​လို့လည်း ၀န်ကြီးက ပြောပါတယ်​။ ထန်းကိုင်း​​ဒေသခံ ​ရေနံကျင်းပိုင်​တဦးဖြစ်​တဲ့ ကို​ဌေးဝင်းက​တော့ "ကျင်း​ပေါက်​တပေါက်​စာ ​မြေ​နေရခ က ကျပ်​သိန်း ၅၀ ခန့်​​ပေးရပြီး ကျင်းတစ်​ကျင်းရဲ့ ကုန်​ကျစရိတ်​ စုစု​ပေါင်းက ကျပ်​သိန်း ၁၄၀ ခန့်​ကုန်​ကျကာ စု​ပေါင်းရှယ်​ယာ လုပ်​ကိုင်​ကြတာပါ။ အရှုံးအမြတ်​ ရှိသလို မိသားစု စာဝတ်​​နေ​ရေး လူမှု​ရေး၊ကျမ္မာ​ရေး၊ပညာ​ရေး​တွေကို ​ဖြေရှင်း​နေရတာပါ။ ယခင်​ စစ်​အစိုးရ လက်​ထက်​က​တောင်​ ပိတ်​သိမ်းတာမျိုး မလုပ်​ခဲ့ဘဲ ပြည်​သူတင်​တဲ့ ပြည်​သူ့အစိုးရ လက်​ထက်​ ကျမှ ပိတ်​သိမ်းမယ်​ဆို​တော့ စိတ်​မ​ကောင်းဖြစ်​ရတယ်​။ ကပစ ၁၀ စက်ရုံနဲ့ နီးစပ်​လို့ဆိုရင်​လည်း ဧရိယာတခု သတ်​မှတ်​​ပေးပြီး ခွင့်ပြု​ပေး​စေချင်​တယ်​။ ရေနံ အထွက်​နှုန်း​တွေလည်း​ လျော့နည်း သွားပြီဖြစ်​လို့ မီး​ဘေးအန္တရာယ်​ဆိုတာကလည်း စက်ရုံနဲ့ အ​ဝေးကြီးပါ။ အရင်​ ​ပေပါအလုံး​ရေ ​လေးငါးရာ လျှံတဲ့ လျှံကျင်းမီး​လောင်​တာ​တောင်​မှ ​ပေ​လေးငါးဆယ်​​တောင်​မပြန့်​ပါဘူး"လို့ ​ပြောပါတယ်​။ အထက်​မင်းလှမြို့နယ်​၊ ထန်းကိုင်း​ရေနံ​မှော်​မှာ မြန်မာပြည် အနယ်​နယ်​ အရပ်​ရပ်​က အလွှာ​ပေါင်းစုံ၊ လုပ်​ငန်း​ပေါင်းစုံနဲ့ လူဦး​ရေ ၇၀၀၀၀ ခန့်​ မှီခို လုပ်​ကိုင်​ စား​သောက်​​နေကြတာပါ။ သတင်း-မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024