A d v e r t i s e m e n t With Us

ပီအက်စ်ဂျီတွင် ဆက်ရှိနေမည်ဟု အမ်ဘာပီ ပြော

လာမယ့်ဘောလုံးရာသီမှာ ပီအက်စ်ဂျီအသင်းမှာပဲ ဆက်ရှိနေမှာဖြစ်တယ်လို့ အမ်ဘာပီက အတည်ပြု ပြောကြားလိုက်ပါတယ်။ ပြင်သစ်တိုက်စ်မှူး အမ်ဘာပီဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ အမ်ဘာပီဟာ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ မိုနာကိုအသင်းနဲ့ ပွဲစဉ်မှာ ဟက်ထရစ် သုံးဂိုးသွင်းယူခဲ့ပြီး ပြင်သစ်လီဂူးချန်ပီယံဖြစ်ဖို့ သေချာစေခဲ့ပါတယ်။ ပြင်သစ်ရုပ်သံတခုဖြစ်တဲ့ Canal+ က အနာဂတ်နဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ လာမယ့်ရာသီ အသင်းမှာပဲ ဆက်ရှိနေမှာဖြစ်တယ်လို့ အမ်ဘာပီက ပြန်လည်ဖြေကြားသွားခဲ့တာပါ။ ရီးရဲလ်အသင်းမှာ ဇီဒန်း ပြန်လည် နည်းပြတာကတော့ ပျော်ရွှင်စရာဖြစ်ပြီး ဇီဒန်းကို နှစ်သက်သဘောကျသူအနေနဲ့ ရီးရဲလ်အသင်းရဲ့ ပွဲတွေကို ဆက်ပြီး ကြည့်ရှုသွားမယ်လို့ ပြောကြားသွားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up