မလှိုင်မြို့နယ်အတွင်း ခရိုင်ချင်းဆက်လမ်းကြေး ကောက်ခံနေမှု ရပ်ဆိုင်းပေးပါ
DVB
·
October 26, 2012
မန္တလေးတိုင်းဒေသကြီး၊ မိထ္ထိလာခရိုင်၊ မလှိုင်မြို့နယ်အတွင်း ခရိုင်ချင်းဆက်လမ်းကို စတင်ဖောက်လုပ်စဉ်က ဒေသခံပြည်သူတွေရဲ့ လုပ်အားနဲ့ ကျောက်ကို ခင်းပေးခဲ့ရပါတယ်။ ပြည်သူ့လုပ်အားနဲ့ ပေါ်ပေါက်လာတဲ့ လမ်းပေါ်မှာ ကတ္တရာထည့်ခင်းပြီး လမ်းကြေးကောက်ခံပါတယ်။
ခရိုင်ချင်းဆက်လမ်းကို မြို့နယ်စည်ပင်သာယာကနေတဆင့် စည်ပင်ဝန်ထမ်းတဦးက လေလံပြန်လည်ရယူပြီး ကောက်ခံနေတာ ဖြစ်ပါတယ်။ ဒီလို လမ်းကြေးကောက်ခံရာမှာ ဆောက်လုပ်ရေးက ကောက်ခံတဲ့ လမ်းကြေးထက်လည်း ပိုများနေပါတယ်။
ထို့ကြောင့် ပြည်သူတွေရဲ့ လုပ်အားနဲ့ ဖောက်လုပ်ခဲ့တဲ့လမ်းကို ပြည်သူတွေက လမ်းကြေး ပြန်လည်ပေးဆောင်နေရမှု ရပ်တန့်အောင် ဆောင်ရွက်ပေးဖို့ နိုင်ငံတော်သမ္မတ ကြီးနဲ့ အကြီးအကဲတွေကို ဒီဗွီဘီကတဆင့် တင်ပြလိုက်ပါတယ်။
ဒေသခံတဦး