ထူးဆန်းသည့် သဘာဝလွန် စွမ်းအင်ရှိသည့် လူမည်းအမျိုးသမီးအကြောင်း ရုပ်ရှင် – Fast Color (နမူနာ)

ဟောလိဝုဒ် Drama Sci-fi Thriller အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ Fast Color ရုပ်ရှင်ကို ဧပြီ ၁၉ ရက်နေ့ကတည်းက စတင်ပြီး ရုံတင်ပြသနေပါတယ်။ ဒီကားကိုတော့ LD Entertainment က တင်ဆက်လိုက်တာဖြစ်ပြီး အမေရိကန် အမျိုးသမီး ရုပ်ရှင်ဒါရိုက်တာ Julia Hart က ကိုယ်တိုင်ဇာတ်ညွှန်းခွဲပြီး ကိုယ်တိုင်ပဲ ရိုက်ကူး ပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ သဘာဝလွန် ပါဝါစွမ်းအင်တွေ ပိုင်ဆိုင်တဲ့ ထူးဆန်းတဲ့ လူမည်း အမျိုးသမီးတယောက် အကြောင်း ရှုစားကြရမှာ ဖြစ်ပါတယ်။ သူ့နောက်ကို ခြေရာခံ လိုက်သူတွေကို တိမ်းရှောင်ရင်း မိသားစုကို စွန့်ခွာထွက်ပြေးနေခဲ့ရပြီး နှစ်ပေါင်းများစွာအကြာ ဘယ်နေရာမှ မလွတ်နိုင်တော့တဲ့ အခါမှာတော့ သူဘာဆက်လုပ်မလဲ။ သူပုန်းအောင်းရမယ့် နေရာဟာ မိသားစုရဲ့ လယ်တောအိမ်လို့ သိရပြီး ကွဲကွာနေတဲ့ သူ့ရဲ့ သမီးဖြစ်သူ၊ မိခင်ဖြစ်သူ စတဲ့ မိသားစုတွေနဲ့ ပြန်ဆုံချိန်မှာ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာတွေကို ဒီကားထဲမှာ ပရိသတ်တွေ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ဗြိတိန်သရုပ်ဆောင်မင်းသမီး Gugu Mbatha-Raw က ခေါင်းဆောင်ပါဝင်ထားပြီး တခြားသရုပ်ဆောင် မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ Lorraine Toussaint၊ Saniyya Sidney၊ Christopher Denham စတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာပါ။ ဒီရုပ်ရှင်ကားကို ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့က နာမည်ကြီး ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ South By Southwest ရုပ်ရှင်ပွဲတော်မှာ ကနဦးပြသခဲ့တာဖြစ်ပြီး IMDb မှာတော့ Rating 6.3 အထိ ရရှိထားပါတယ်။ ကြာမြင့်ချိန် မိနစ် ၁၀၀ ရှိတဲ့ ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ ဇာတ်ဝင်ခန်းတွေ၊ သရုပ်ဆောင်မှု ပြကွင်းပြကွက်တွေ၊ ပြောစကား ဒိုင်ယာလော့ခ်တွေဟာ အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကိုကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်သင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up