A d v e r t i s e m e n t With Us

ဟာဇက် အသင်းပြောင်းပါက ကော်တင်ဟိုဖြင့် အစားထိုးရန် ချဲလ်ဆီး ဆန္ဒရှိ

ချဲလ်ဆီးအသင်းဟာ ဟာဇက်ကို လက်လွှတ်ရမယ်ဆိုရင် ကော်တင်ဟိုကို အစားထိုးခေါ်ယူဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ ချဲလ်ဆီးအသင်းဟာ ဟာဇက်ကို ဆက်ထိန်းသွားလိုပေမယ့် စာချုပ်သက်တမ်းတိုးဖို့ အဆင်မပြေဖြစ်နေပြီး ဟာဇက် ကိုယ်တိုင်ကလည်း ရီးရဲလ်အသင်းဆီ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတာပါ။ ဒါကြောင့် ဟာဇက်ကို လက်လွှတ်ရမယ်ဆိုရင် ဘာစီလိုနာမှာ အဆင်မပြေဖြစ်နေတဲ့ ကော်တင်ဟိုကို ပြန်လည်ခေါ်ယူဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ ချဲလ်ဆီးအသင်းဟာ ဟာဇက်အတွက် ရီးရဲလ်အသင်းဆီက ပေါင်သန်း ၁၀၀ လောက် ပြောင်းရွှေ့ကြေးရဖို့ မျှော်လင့်ထားပြီး ကော်တင်ဟိုကိုလည်း ပေါင်သန်း ၁၀၀ လောက် ပေးမှ ဘာစီလိုနာက လက်လွှတ်ဖို့ရှိတယ်လို့ ဆိုပါတယ်။ ဘရာဇီးကစားသမား ကော်တင်ဟိုဟာ လီဗာပူးအသင်းကနေ ပေါင် ၁၄၆ သန်းနဲ့ ဘာစီလိုနာကို ပြောင်းရွှေ့လာတာ ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ လိုင်လီအသင်းမှာ ခြေစွမ်းပြနေတဲ့ တောင်ပံကစားသမား နီကိုလက်စ်ပီပီ ကိုလည်း ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up