A d v e r t i s e m e n t With Us

နာမည်ကြီးနေသည့် သွေးပျက်ထိတ်လန့်စရာ သရဲရုပ်ရှင်ကား The Curse Of La Llorona (နမူနာ)

သွေးပျက်ထိတ်လန့်စရာကောင်းတဲ့ Horror Mystery Thriller အမျိုးအစား ရုပ်ရှင်ပရိသတ်တွေ ကြိုက်နှစ်သက်ကြမယ့် The Curse of La Llorona ရုပ်ရှင်ကားကို ဧပြီ ၁၉ ရက်နေ့ကတည်းက စတင်ပြီး ရုံတင်ပြသနေပါတယ်။ ဒီကားကိုတော့ နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီတွေ ဖြစ်ကြတဲ့ Warner Bros. နဲ့ New Line Cinema တို့က တင်ဆက်လိုက်တာဖြစ်ပြီး အမေရိကန် ရုပ်ရှင်ဒါရိုက်တာ Michael Chaves က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒါရိုက်တာ Michael Chaves ဟာ နာမည်ကြီးရုပ်ရှင် Conjuring 3 ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာတယောက်ဖြစ်ပြီး ခုရုပ်ရှင်ကားကတော့ Conjuring Universe နဲ့ ချိတ်ဆက်မယ့် ၆ ကားမြောက် ရုပ်ရှင်ကား ဖြစ်လာခဲ့တာပါ။ လက်တင်အမေရိကန် ဒဏ္ဍာရီပုံပြင်ထဲက La Llorona ဆိုတဲ့ အမျိုးသမီးဟာ သူ့ရဲ့ ကလေးနှစ်ယောက်ကို ရေနှစ်သတ်ပြီး နောက်ပိုင်းမှာ နောင်တရ ငိုကြွေးနေလေ့ရှိတဲ့ သရဲမဖြစ်လာပြီး သူ့ရဲ့ငိုသံကြားတဲ့သူတွေ၊ အနားရောက်နေတဲ့ သူတွေဟာလည်း ကံကြမ္မာဆိုးတွေနဲ့ ကြုံတွေ့ရပါတယ်။ ဒါဟာ ဘာကြောင့်ဖြစ်ရတာလဲ။ နောက်ပြီး ညဘက်တွေဆိုရင်လည်း သူက ကလေးတွေအနား ရောက်လာပြီး နှောင့်ယှက်လေ့ရှိတာမို့ ဒီကားထဲမှာ ဘယ်လို သွေးပျက်ထိတ်လန့်စရာကောင်းတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ဖန်တီးထားမလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဒီကားထဲမှာတော့ သရုပ်ဆောင်မင်းသား မင်းသမီးတွေ ဖြစ်ကြတဲ့ Linda Cardellini၊ Raymond Cruz နဲ့ Patricia Velásquez တို့က ခေါင်းဆောင်ပါဝင်ထားကြတာဖြစ်ပြီး IMDb မှာတော့ Rating 7.4 အထိ ရရှိထားတဲ့ ရုပ်ရှင်ကား ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၉၃ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကို ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့က နာမည်ကြီး ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ South By Southwest ရုပ်ရှင်ပွဲတော်မှာ ကနဦး ပြသခဲ့တာ ဖြစ်ပါတယ်။ ဒီကားထဲမှာပါဝင်တဲ့ သွေးပျက်ထိတ်လန့်စရာ မြင်ကွင်းတွေ၊ ဇာတ်ဝင်ခန်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား ဒိုင်ယာလော့ခ်တွေက အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up