A d v e r t i s e m e n t With Us

ဝက်​လက်​မြို့နယ်၊ ကျေးရွာများ၌ ရေကန်များခမ်းခြောက်ပြီး ​သောက်​​သုံးရေ အခက်အခဲကြုံနေ

စစ်​ကိုင်းတိုင်းဒေသကြီး၊ ဝက်​လက်​မြို့နယ်​အတွင်းက​ ကျေးရွာတချို့မှာ နေပူရှိန် မြင့်မား ရေတွင်းရေကန်တွေ ခမ်းခြောက်ပြီး ​သောက်​​ရေ ရှားပါးမှုနဲ့ ကြုံ​တွေ့​နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်​။ ဝက်​လက်​မြို့နယ်​အတွင်းမှာ​ ကျေးရွာ​ပေါင်း ၂၃၄ ​ ရွာရှိတဲ့အနက်​ ဝက်​လက်​မြို့နယ်​အ​ရှေ့ခြမ်းက ​​ကျေးရွာတွေကမှာ အဓိက  ​သောက်​​ရေရှားပါး​နေတာ ဖြစ်​ပါတယ်​။ ၀က်လက်ဒေသမှာ တကိုယ်​​တော်​ ပရဟိတလုပ်​​နေသူ ဦးဝင်း​အေးက “​ဒီ စမွန်းရွာမှာ​ သောက်​​ရေခက်​ခဲ​နေတယ်​လို့ ကြားကြားခြင်းလာလှူတာပဲ။ အိမ်​​ထောင်​စု တ​စုကို၂၀ လီတာ​ရေသန့်​ဘူးကြီး တ​ဘူးနှုန်းနဲ့ ဘူး ၁၆၀ လှူတာ” လို့ ​ပြောပါတယ်​။ ဆက်​လက်​ပြီး ​သောက်​​ရေခက်​ခဲလို့ ဆက်​သွယ်​ထားတဲ့ရွာ​တွေဖြစ်​တဲ့ မြင်​​တော်​၊ အ​ရှေ့​ရွှေကျင်​ စတဲ့ရွာ​တွေကိုလည်း လိုက်​လံရေ လှူသွားမယ်လို့လည်း ဆိုပါတယ်​။ စမွန်း​ကျေးရွာ အုပ်​ချုပ်​​ရေးမှူး ဦးထွန်းတင့်က​ “ကျနော်​တို့ရွာမှာ အဝီစိတွင်း တူး​ထားတာ​တော့ ရှိတယ်။ ​ရေငံ​ပဲထွက်​​တော့ သောက်​​ရေတော်​​တော်​ခက်​ခဲတယ်​”လို့ ပြောပါတယ်​။ ​ကျေးလက်​​ဒေသ ဖွံ့ဖြိုးတိုးတက်​​ရေးဦးစီးဌာနအ​နေနဲ့ ဟံလင်း​တောင်​ပိုင်း ၅ ရွာ၊ ဘုရား​လေးကုန်း၊ နတ်​ကုန်း၊ အ​ရှေ့​ရွှေကျင်​ စတဲ့ ၄ ရွာကို ​သောက်​​ရေ ​ဝေငှဖို့ အဓိက စီစဉ်​ထားတာဖြစ်​​ပေမယ့် အခြားအ​ရေးတကြီးလိုအပ်​တဲ့ ရွာ​တွေရှိခဲ့ရင်​လည်း အ​ကြောင်းကြား ကြဖို့ ဖုန်းနံပါတ်​တွေ ပေးထားတယ်​လို့ သိရပါတယ်​။ ​ကျေးလက်​​ဒေသဖွံ့ဖြိုးတိုးတက်​​ရေး ဦးစီးဌာန မြို့နယ်​ဦးစီးမှူး ဦး​အောင်​လွင်​ဦး က “ကျနော်​တို့ဌာန အ​နေနဲ့က​တော့ ​လာမယ့် ​သောကြာ​နေ့ ကစပြီး ​သောက်​​ရေလိုအပ်​တဲ့​ နေရာ​တွေကို အလှည့်ကျ ​ဝေငှသွားမှာပါ”လို့ ပြောပါတယ်​။ ​ကျေးလက်​​ဒေသဖွံ့ဖြိုး​ရေးတိုးတက်​​ရေး ဦးစီးဌာနအ​နေနဲ့ပြီးခဲ့တဲ့ ၇ နှစ်​တာကာလအတွင်း​ ယူနီဆက်ဖ်အဖွဲ့နဲ့  ပူး​ပေါင်းပြီး ကျေးရွာ ၁၀ရွာမှာ အဝီစိတွင်း တူး​ပေးတာ၊ ရွာ ၂၃ ရွာမှာ ပိုက်​လိုင်းသွယ်ပေးတာ၊ တွင်းနက်​ ၅၃ တွင်းနဲ့ ​မြေသားကန်​ ၃၁ ကန်​တူးပေးတာ၊  မြစ်​​ရေတင်​လုပ်ငန်း ၄ ရွာမှာ ဆောက်ရွက်ပေးတာအပါအ၀င် ​ရေရှားပါတဲ့ ရွာ​ပေါင်း ၉၀ ​ကျော်​ အတွက် ရေတွင်း ရေကန်​​တွေလုပ်​​ပေးထား​တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ​နေပူရှိန်​မြင့်မားလာတာရယ်​၊ မိုးရွာသွန်းမှု နည်းလာတာ​ရယ်​​ကြောင့် ​သောက်​​ရေကန်​​တွေ​ စော​စောစီးစီး ခမ်း​ခြောက်​လို့​ ရေအခက်​အခဲဖြစ်​ရတာ​လို့​ ကျေးလက်​​ဒေသ ဖွံ့ဖြိုးတိုးတက်​​ရေးဦးစီးဌာနက ပြောပါတယ်​။ သတင်း- ​အောင်​စံလင်း

A d v e r t i s e m e n t With Us

More News
Up