Home
အနုပညာ
တိုင်းရင်းသား​ဒေသဇာတ်​လမ်း​များပေါ်ထွက်လာရန် တောင်ကြီးမြို့၌ ဇာတ်​ညွန်း​သင်​တန်းဖွင့်
DVB
·
April 23, 2019
မျိုးဆက်​သစ်​ လူငယ်​ဇာတ်​ညွှန်းဆရာ​တွေ ပေါ်ထွက်​လာဖို့ ရှမ်းပြည်​နယ်​မှာ ပထမဆုံး အကြိမ်​ ဇာတ်​ညွန်း​ရေးသားနည်းသင်​တန်းကို ​တောင်​ကြီးမြို့ ကုန်​သည်​ကြီးများအသင်းရုံးမှာ ပြုလုပ်​ ပါတယ်​။ သင်​တန်းကို Pen Myanmar အဖွဲ့နဲ့ က​မ္ဘောဇ စာကြည့်​တိုက်​က စီစဉ်​ပြီး ရှမ်းပြည်​နယ်​ အစိုးရအဖွဲ့နဲ့ပူး​ပေါင်းလုပ်​​ဆောင်​တာဖြစ်​ပါတယ်​။ အဓိက တိုင်းရင်းသား​ဒေသဇာတ်​လမ်း​တွေ​ပေါ်ထွက်​ဖို့၊  အနုပညာနဲ့ ငြိမ်းချမ်း​ရေးရရှိဖို့ ရည်​ရွယ်​ပြီးလုပ်​တာဖြစ်ပြီး တိုင်းရင်းသား​တွေရဲ့ ဇာတ်​လမ်း​တွေကို ကမ္ဘာသိ​ဖော်​ပြနိုင်​ဖို့ သင်တန်းစီစဉ်သူတွေက ​မျော်​လင့်​​နေတာဖြစ်​ပါတယ်​။ Pen Myanmar နဲ့ အကယ်​ဒမီ ​ဆွေဇင်​ထိုက်​ တို့ပူး​ပေါင်းပြီး မြန်​မာနိုင်​ငံမှာ ဇာတ်​ညွန်း​ရေးသားနည်းသင်​တန်းကို ရန်ကုန်၊ မန္တလေးနဲ့ ​တောင်​ကြီး အပါအဝင်​ ​လေးကြိမ်​ပြုလုပ်ခဲ့ပြီး သင်​တန်းသားပေါင်း  ၂၀၀ ဝန်းကျင်​​မွေးထုတ်​နိုင်​ခဲ့ပါတယ်​။ ဇာတ်​ညွန်း​ရေးသားနည်းသင်​တန်း ဆင်းတဲ့သင်​တန်းသား အချို့ဟာ နိုင်​ငံတကာ ရုပ်​ရှပ်​ပြပွဲမှာ ဆုရရှိသူ​တွေလည်းရှိတယ်​လို့သိရပါတယ်​။ ​တောင်​ကြီးမှာပြုလုပ်​တဲ့ သင်​တန်းကို တိုင်းရင်းသား​ ​ပေါင်းစုံသင်​တန်းသား ၄၆ ဦးတက်ရောက်နေကြပြီး ဧပြီ ၂၂ ရက်​ကစတင်​ကာ ၅ ရက်​သင်​တန်းကို နှစ်ကြိမ်၊ ၃ ရက်​သင်​တန်းတ ​​ကြိမ်​ပြုလုပ်​သွားမှာဖြစ်​ပါတယ်​။ ခွန်​ရာဇာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024