Home
မြန်မာသတင်း
နော်အုန်းလှအပါအ၀င် ၅ ဦးကို ငြိမ်းစုစီဥပဒေဖြင့် မြ၀တီရဲစခန်းတွင်အမှုဖွင့်
DVB
·
April 23, 2019
ကရင်ပြည်နယ်၊ မြ၀တီမြို့မှာ ရွှေမြစန္ဒီအိမ်ရာစီမံကိန်းကို မဖျက်သိမ်းဖို့ ဦးဆောင်ဆန္ဒပြသူ ၄ ဦးနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ နော်အုန်းလှတို့ကို ငြိမ်းစုစီ ပုဒ်မ (၁၉)၊ (၂၀)နဲ့ အမှုဖွင့်လိုက်ပြီး   နော်အုန်းလှကိုတော့ မြ၀တီမြို့မ ရဲစခန်းမှာ ဖမ်းဆီးထားပါတယ်။ နော်အုန်းလှကို မနေ့ညက  မြ၀တီမြို့ကနေ ရန်ကုန်အပြန် ကားဂိတ်မှ မြ၀တီရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး ဆန္ဒပြပွဲ ဦးဆောင်သူ ဦးသန်းလှိုင် အပါအ၀င် ၄ ဦးကိုတော့ အမှုဖွင့်ထားပြီး ဖမ်းဆီးနိုင်ဖို့ ရဲက ရှာဖွေနေဆဲဖြစ်ပါတယ်။ ရွှေမြစန္ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး ဆန္ဒထုတ်ဖော်ဖို့  မြ၀တီမြို့က ဌာနဆိုင်ရာတွေကို အသိပေးအကြောင်းကြားထားပြီးဖြစ်ပေမယ့်  နော်အုန်းလှရဲ့ အမည်ပါရှိခြင်းမရှိသလို ခွင့်ပြုချက် တင်ထားတာမရှိတဲ့အတွက် ဖမ်းဆီးရတာလို့ မြ၀တီရဲစခန်း တာဝန်ရှိသူ တဦးက ပြောပါတယ် သစ်တောမြေမှာ ဆောက်လုပ်နေတဲ့ ရွှေမြစန္ဒီစီမံကိန်းကို ၂၀၁၆ ခုနှစ်မှာ ဒီကေဘီအေ ဗိုလ်ကြီး စောညီညီက  ဦးဆောင်ပြီး လူနေအိမ်တွေ၊ မြေကွက်လမ်းတွေ၊ စာသင်ကျောင်းနဲ့ ဈေးဆိုင်တွေ ဆောက်လုပ်ထားခဲ့တာဖြစ်ပါတယ်။ ဒီစီမံကိန်းဟာ ဥပဒေနဲ့ ကိုက်ညီခြင်းမရှိတဲ့အတွက် ကရင်ပြည်နယ်အစိုးရက တားဆီး အရေးယူတာတွေလုပ်ဖို့ မြ၀တီ ဌာနဆိုင်ရာတွေနဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးတွေကို ညွှန်ကြားထားသလို အိမ်ရာမှာ နေတဲ့သူတွေ ရွေ့ပြောင်းပေးကြဖို့လည်း ဧပြီလ ၄ ရက်မှာ  သစ်တောဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် ဒီစီမံကိန်းမြေမှာ ငွေပေးပြီး နေရာဝယ်ယူထားတဲ့  ဒေသခံပြည်သူ ၁၀၀၀ ကျော်လောက်က မကျေနပ်တဲ့အတွက် မြ၀တီမြို့ထဲမှာ မနေ့က  စီတန်းလှည့်လည် ဆန္ဒထုတ်ဖေါ်ခဲ့ကြတာပါ။ ဆန္ဒထုတ်ဖေါ်ပွဲမှာ ရွှေမြစန္ဒီပြည်သူများ အေးချမ်းစွာနေထိုင်နိုင်ရေး၊ ရွှေမြစန္ဒီအိမ်ရာ ဖျက်သိမ်းရေးအလိုမရှိ၊ မတရားဖျက်သိမ်းခံရသည့် အိမ်ခြံမြေများပြန်လည်ရရှိရေး၊ ရွှေမြစန္ဒီအိမ်ရာ တည်တံ့ခိုင်မြဲရေးတာဝန်ရှိသူများက တရားမျှတစွာ ဖေါ်ဆောင်ပေးရေး  စတာတွေကို တောင်းဆိုခဲ့ကြပါတယ်။ ဖိုးစီ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024