Homeမြန်မာသတင်း
မောင်တောမြောက်ပိုင်းတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များစီးလာသည့်ကား မိုင်းခွဲခံရ
မောင်တောမြောက်ပိုင်းတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များစီးလာသည့်ကား မိုင်းခွဲခံရ
DVB
·
April 22, 2019
ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်း နယ်မြေ ၄မှာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေ စီးနင်းလိုက်ပါလာတဲ့ ကားတစီး ဒီကနေ့ ဧပြီ ၂၂ ရက် မနက်က မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။
ဒီမနက် ၇ နာရီ ကျော်လောက်မှာ ဇီးပင်ချောင်းကျေရွာလမ်းဆုံနဲ့ လိပ်ရလမ်းဆုံကြားမှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေ စီးနင်း လိုက်ပါလာတဲ့ ကားတစီး မိုင်းဖောက်ခံခဲ့ရတယ်လို့ လိပ်ရ နယ်မြေရုံးက တာဝန်ရှိသူတဦးက တည်ပြုပြောပါတယ်။
"ထိခိုက်ဒဏ်ရာရတာက နည်းနည်းပါ။ မျက်လုံးယမ်းခိုး မိသွားတာလောက်ပါ။ မပြောပ လောက်တဲ့ဒဏ်ရာပါ။ ကားကတော့ ရှေ့ပိုင်းပျက်စီးမူရှိပါတယ်။ ဘင်္ဂလီတွေဖြစ်ဖို့ များပါတယ်။ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုကတော့ မနက် ၇ နာရီမှ ၉ နာရီအထိ ဖြစ်ခဲ့ပါတယ်"လို့ ပြောကြားပါတယ်။
၂၀၁၉ ခု ဇန်န၀ါရီ ၁၆ ရက်ကလည်း မောင်တောမြို့နယ် နယ်မြေ ၄ မှာ နယ်ခြားစောင့် ရဲကားကို အာဆာအကြမ်းဖက်အဖွဲ့က တိုက်ခိုက်ခဲ့ပါတယ်။
ဗညား