Home
မြန်မာသတင်း
မောင်တောမြောက်ပိုင်းတွင် နယ်​ခြား​စောင့် ရဲတပ်​ဖွဲ့ဝင်​များစီးလာသည့်ကား မို​င်းခွဲခံရ
DVB
·
April 22, 2019
57485746_156739012015167_7485480066751660032_o
57484569_156739035348498_3502120696845172736_n
ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်း နယ်မြေ ၄မှာ  နယ်​ခြား​စောင့် ရဲတပ်​ဖွဲ့ဝင်​တွေ စီးနင်းလိုက်ပါလာတဲ့ ကားတစီး ဒီကနေ့ ဧပြီ ၂၂ ရက်  မနက်က မို​င်းခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။ ဒီမနက်​ ၇ နာရီ ​ကျော်​လောက်မှာ​ ဇီးပင်ချောင်း​ကျေရွာလမ်းဆုံနဲ့ လိပ်ရလမ်းဆုံကြားမှာ နယ်​ခြား​စောင့်ရဲတပ်​ဖွဲ့ဝင်​တွေ စီးနင်း လိုက်​ပါလာတဲ့​ ကားတစီး  မိုင်း​ဖောက်​ခံခဲ့ရ​တယ်လို့ လိပ်​ရ နယ်​​မြေရုံးက တာဝန်​ရှိသူတ​ဦးက တည်​ပြု​ပြောပါတယ်​။ "ထိခိုက်​ဒဏ်​ရာရတာက နည်းနည်းပါ။  မျက်​လုံးယမ်းခိုး မိသွားတာ​လောက်​ပါ။  မ​ပြောပ​ လောက်​တဲ့ဒဏ်​ရာပါ။ ကားက​တော့​ ရှေ့ပိုင်းပျက်​စီးမူရှိပါတယ်။ ​ ဘင်္ဂလီတွေဖြစ်​ဖို့ များပါတယ်။ ​ နှစ်​ဖက်​ အပြန်​အလှန်​ပစ်​ခတ်​မှုက​တော့ မနက်​ ၇ နာရီမှ ၉ နာရီအထိ ဖြစ်​ခဲ့ပါတယ်​"လို့​ ပြောကြားပါတယ်​။ ၂၀၁၉ ခု ဇန်​န၀ါရီ ၁၆ ရက်ကလည်း  မောင်တောမြို့နယ် နယ်​​မြေ ၄ မှာ  နယ်ခြားစောင့် ရဲကားကို အာဆာအကြမ်းဖက်အဖွဲ့က တိုက်ခိုက်ခဲ့ပါတယ်။ ဗညား
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024