A d v e r t i s e m e n t With Us

မက်ဆီလက်သစ်ဟု နာမည်ကြီးနေသည့် အယ်လ်မာဒါကို ခေါ်ယူရန် မန်စီးတီး ပြင်ဆင်

ဓာတ်ပုံ - AFP/Getty Images
မက်ဆီလက်သစ်လို့ နာမည်ကြီးနေတဲ့ အသက် ၁၈ နှစ်အရွယ် အာဂျင်တီးနား လူငယ်ကစားသမား သီယာဂို အယ်လ်မာဒါကို မန်ချက်စတာစီးတီးအသင်းက လက်ဦးမှုရယူပြီး ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ အဲဒီ လူငယ်ကြယ်ပွင့်ဟာ အာဂျင်တီးနား ပရီးမီးယားလိဂ်ကလပ် ဗဲလ်လက်ဇ် ဆားစ်ဖီးလ်ဒ် အသင်းမှာ ပုံမှန်ပွဲထွက်ခွင့် ရနေသူလည်း ဖြစ်ပါတယ်။ အယ်လ်မာဒါကို ခေါ်ယူဖို့ဆိုရင် မန်ချက်စတာစီးတီးအသင်း အနေနဲ့ ပေါင်သန်း ၂၀ လောက် အသုံးပြုဖို့ လိုအပ်နေပြီး အာဂျင်တီးနား ကစားသမားတွေနဲ့ ကံစပ်တဲ့ မန်စီးတီးအတွက်တော့ ခေါ်ယူနိုင်ဖွယ် ရှိနေပါတယ်။ မန်ချက်စတာစီးတီးအသင်းဟာ ငွေကြေးသုံးစွဲမှုကို လျော့ချတဲ့အနေနဲ့ လူငယ်ကစားသမားတွေ မွေးထုတ်တဲ့ စီမံကိန်းကို အကောင်အထည်ဖော်နေခဲ့ပြီး လူငယ်ကစားသမားဖြစ်တဲ့ ဖေးလ်ဖိုဒန်ဟာလည်း ပြီးခဲ့တဲ့ စပါးအသင်းနဲ့ပွဲစဉ်မှာ ခြေစွမ်းပြပြီး ဂိုးသွင်းယူပေးခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up