တရုတ်နှင့် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးနှစ်ဦး တွေ့ဆုံ

937
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဗီဂျေးကီရှက်ဗ် ဂိုခါလေနဲ့ တရုတ်မြို့တော် ဘေကျင်းမှာ ဧပြီ ၂၂ ရက်က တွေ့ဆုံပါတယ်။
အိန္ဒိယရဲ့ ထိပ်တန်းသံတမန်နဲ့ ပြည်ပရေးရာ ဝန်ကြီးဌာန အကြီးအကဲဟာ တရုတ်နိုင်ငံကို ၂ ရက်ကြာ အလည်အပတ်ခရီးနဲ့ ရောက်လာပြီး ပထဝီနိုင်ငံရေးကိစ္စတွေ အတော်များများကို ဆွေးနွေးကြဖို့ စီစဉ်ထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီလက အိန္ဒိယဝန်ကြီးချုပ် နရင်ဒြာမိုဒီရဲ့ တရုတ်ခရီးစဉ်အပြီး နောက်ဆက်တွဲတွေ ဆက်လုပ်ဖို့ လာတာလို့ သူက အစည်းအဝေးထဲမှာ ပြောပါတယ်။
တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံကြား ဆက်ဆံရေးတွေက ၂၀၁၇ စစ်ရေးတင်းမာမှုအပြီး မချောမွေ့ ဖြစ်ခဲ့တာပါ။
ဒါပေမယ့် ကက်ရှ်မီးယားမှာ အိန္ဒိယတပ်တွေ ဖေဖော်ဝါရီလအတွင်း အသေခံ ဗုံးခွဲခံရအပြီး တင်းမာမှု တိုးလာခဲ့ပါတယ်။
ဂျိုက်ရှီမိုဟာမဒ် အဖွဲ့ခါင်းဆောင် အက်ဇာမာဆွတ်ကို ကုလသမဂ္ဂက အကြမ်းဖက်သမားအဖြစ် သတ်မှတ်ပေးဖို့ အိန္ဒိယအစိုးရက တောင်းဆိုခဲ့ပေမယ့် တရုတ်အစိုးရက နှောင့်ယှက်ခဲ့ပါတယ်။